မြဝတီ-ကော့ကရိတ်လမ်းတွင် ယာဉ်တိမ်းမှောက် တစ်ဦးသေ


မြဝတီ- ကော့ကရိတ်လမ်းပိုင်း မိုင်တိုင် အမှတ်(၉၃)တွင် ဩဂုတ်၁၅ရက် က ကျောက်ကားတစ်စီး လမ်းချော် တိမ်းမှောက်၍ ချောက်အတွင်းသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကော့ကရိတ်မြို့ ဧည့်ရိပ်သာလမ်း နေ ယာဉ်မောင်း ဝင်းငယ် ၃၂နှစ် မှာ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါသည့် အလုပ်သမား၁ဝဦးမှာ အသက် ဘေးမှ လွတ်မြောက်သွားခဲ့သည်။

''တောင်ပေါ်မှာကားရှောင် ရင်း မြေပျော့ကိုနင်းမိပြီး ကျသွား တာပါ။ အဲဒီနေ့ကဖြစ်တဲ့အချိန်မှာ မိုးတွေလဲရွာနေတယ်။ ကားမှောက် တယ်လို့ သိသိချင်း မြဝတီမြို့က စေတနာနာရေးကူညီမှုအသင်း ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ က ကားထဲမှာပိနေတဲ့လူတွေကို အချိန်မီကယ်ထုတ်နိုင်ခဲ့တယ်'' ဟု ဒေသခံတစ်ဦးက ပြောသည်။

မြဝတီ-ကော့ကရိတ်လမ်း မှာ ပြီးခဲ့သည့်ဇူလိုင်နောက်ဆုံး ပတ်တွင် ရေကြီးရေလျှံမှုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသောလမ်း ဖြစ်ကြောင်း သိရသည်။

ဈာန်မိုးသစ်၊ ဘားအံ၊သြဂုတ်(၁၈) ။
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ