Aung La Nsang က အမေရိကန်နိုင်ငံသားအား အနိုင်ယူ

မြန်မာ နိုင်ငံသား ကချင်လူမျိုး Aung La Nsang သည် Cage Fury Fighting Championship ပြိုင်ပွဲတွင် ပြိုင်ဘက် Goodridge ကို အနိုင်ရရှိခဲ့သည်။

ကချင်လူမျိုးAung La Nsang သည် ပြိုင်ဘက် Goodridge အား အသာစီးမှ ထိုး သတ်နိုင်ခဲ့ပြီး ဒုတိယအချီ ၁ မိနစ် ၄၄ စက္ကန့်တွင် အနိုင်ရ သွားခဲ့ခြင်း ဖြစ်သည်။

အသက် ၂၈ နှစ်ရှိပြီဖြစ် သည့် Aung La Nsang သည် အမေရိကန်နိုင်ငံသား အသက် ၂၃ နှစ် အရွယ်ရှိသည့် Goodridge ၏ လည်ပင်းအား မလှုပ် နိုင်အောင် နောက်မှ ချုပ်ကိုင် နိုင်ခဲ့ပြီး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ ခြင်းလည်းဖြစ်သည်။

Aung La Nsang သည်ယခုလိုအနိုင်ရခဲ့သည့်အတွက် ကြောင့် ကစားသမားသက်တမ်း တစ်လျှောက် စုစုပေါင်း ၁၄ ပွဲမြောက် နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အနိုင်ရခဲ့ခြင်းအပေါ် Aung La Nsang ၏ လူမှုကွန် ယက်အကောင့်များဖြစ်သည့် Facebook နှင့် Twitter အကောင့်များပေါ်တွင် နိုင်ငံ ပေါင်းစုံမှ ပရိသတ်များက ဂုဏ်ပြုမှုများ ပြုလုပ်ခဲ့သည်။

မင်းသန့်၊သြဂုတ်(၁၈)၊ရန်ကုန်
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ