တရားရုံးသက်သေခံလာရောက်စဉ် တရားခံပြေးဖြစ်၍ ဖမ်းဆီးအရေးယူ

နေပြည်တော်၊ သြဂုတ် ၁၆

၁၅-၈-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ ကျော်ဖားငှဲ့(ခ)အောင်မွှေးခင်(၅၈)နှစ်သည် မြေယာအငြင်းပွားသည့်တရားမမှုအား ဘားအံမြို့နယ်တရားရုံသို့ သက်သေအဖြစ် အစစ်ဆေးခံရန်လာရောက်ခဲ့ရာ ၎င်းသည် ဘားအံမြို့နယ်၊ ထုံးအိုင်နယ်မြေရဲစခန်း မယ(ပ)၄/၂၀၁၂၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က) / ၂၀(က)/၂၁ အမှုမှ တရားခံပြေးတစ်ဦးဖြစ်ကြောင်းသိရှိရသဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့သည်။

စစ်ဆေးချက်အရ ကျော်ဖားငှဲ့(ခ)အောင်မွှေးခင်၏နေအိမ်အား ၀င်ရောက် ရှာဖွေခဲ့ရာ ၃၈ ဘို့ အဖြူရောင်ခြောက်လုံးပြူး ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ စစ်ရောင်ပြောက်ကျား ခါးပတ်အိတ် ၁ အိတ်၊ ဖျူးစ်ပါ ၉၁ လက်ပစ်ဗုံး ၁ လုံးနှင့်၎င်းစီးနင်းလာသည့် ၅ဂ/xxxxတိုက်ဂါးယာဉ် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ကျော်ဖားငှဲ့(ခ)အောင်မွှေးခင်အား ဘားအံမြို့မရဲစခန်း (ပ)၁၉၄/၂၀၁၃၊ လက်နက်ယာယီအက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ