မွေးနေ့မှာ အချစ်တွေပဲလိုချင်တယ်ဆိုတဲ့ စန္ဒီမြင့်လွင်


လတ်တလောမှာ စန္ဒီမြင့်လွင်က ဒါရိုက်တာနေပိုင်ရိုက်ကူးတဲ့ 'သံသယ ၃၆ဝ' ဇာတ်ကားကို နေမင်း၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားမှာ နေမင်းရဲ့ညီမ နေရာကနေ သရုပ်ဆောင်ထားတဲ့ စန္ဒီ မြင့်လွင်က ဇာတ်ကားတွေကိုသိပ်အများ ကြီး မရိုက်ဖြစ်ကြောင်း၊ ကိုယ်နဲ့ လိုက် ဖက်တဲ့ဇာတ်လမ်းဆိုရင်တော့ ရိုက်ဖြစ် ကြောင်းပြောပါတယ်။ အဆိုဘက် အပြင် သရုပ်ဆောင်ဘက်ပါ လုပ်ဖြစ်နေတဲ့ စန္ဒီမြင့်လွင်က အဆိုဘက်ကို ပိုဝါသနာ ပါကြောင်း၊ နောက်ပိုင်းမှာလည်း အဆို ဘက်ကိုပိုလုပ်ဖြစ် သွားမှာဖြစ်ကြောင်း ပြောပါတယ်။

"ညီမအနေနဲ့ သရုပ်ဆောင် ဘက် ထက် သီချင်းဘက်ကို ပိုလုပ်ဖြစ် တယ်။ ကိုယ်ကိုယ် တိုင်က လည်း သီချင်း ဘက်ကို ပိုဝါသနာ ပါတယ်။ ညီမက သီ ချင်းဘက် ကို ပိုကြိုး စားရတယ်။ ရုပ်ရှင်ကားမှာ စန္ဒီမြင့် လွင်ဆိုတဲ့ကားမှမရှိတာ။ စန္ဒီမြင့် လွင်ဆိုတဲ့နာမည်နဲ့ သီချင်းဘက် မှာပဲရှိ တာလေ။ သရုပ်ဆောင်ဘက် ပိုင်းမှာလည်း လုပ်ချင်တာတွေ ရှိပါတယ်။ ကိုယ်နဲ့လည်း အခွင့် အရေးပေးဦးမှ၊ အားလုံးကလည်း သူ့ဟာနဲ့သူရိုက်ေ နကြတာဆိုတော့ ညီမသီချင်းဆိုတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ညီမအတွက် နှစ်ခုစလုံး က ခက်ခဲပါတယ်" လို့ပြောပါတယ်။

သြဂုတ်လ ၁၂ ရက်မွေးနေ့ရှင် စန္ဒီမြင့်လွင်က မွေးနေ့ မှာတော့ နေအိမ်မှာ ဘုရားပင့်ဖို့ရှိကြောင်း ပြောပါတယ်။

"မွေးနေ့မှာ ညီမနေအိမ်မှာ ဘုရားပင့်ဖို့ရှိတယ်။ ပြီးတော့ ဖိတ် ထားတဲ့ပရိသတ် အယောက် ၂ဝ နဲ့ ညစာစားမယ်။ လောလော ဆယ်တော့ ဘာ အစီအစဉ် မှမရှိသေးဘူး" လို့ ပြောပါတယ်။ မွေး နေ့လက်ဆောင် ကိုတော့ အချစ်တွေ အများကြီးပဲလို ချင်ကြောင်းပြောတဲ့ စန္ဒီမြင့်လွင်က အချစ်ရေးနဲ့ပတ် သက်ပြီး...

"အချစ်ရေးမှာ အဆင်ပြေပါ တယ်။ အဓိကကတော့ ကိုယ့်ကို တကယ်ချစ်ဖို့ပဲ အရေးကြီးပါတယ်။ ဘယ်အသက်အရွယ်မှာ အိမ်ထောင် ပြုမယ်ဆိုပြီး စဉ်းစားထားတာမရှိပါ ဘူး" လို့ ပြောပြခဲ့ပါတယ်။

တွယ်တာ - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ