မော်ရင်ဟိုကြောင့် လုဇ်ကို ဘာကာ ခေါ်ယူရန် မလွယ်ဟုဆို

မော်ရင်ဟိုသည် ဘာစီလိုနာ၏ ကမ်းလှမ်းမှုကို ပယ်ချထားပြီး လုဇ်အတွက် ကမ်းလှမ်းမှုသည် အချိန်ဖြုန်းနေခြင်းသာ ဖြစ်မည်ဟု သတိပေးထား

ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုက ဘာစီလိုနာ အသင်းထံသို့ ၎င်း၏ ကစားသမား တစ်ဦးကို လက်လွှဲရောင်းချရန် အလွန်ခက်ခဲလိမ့်မည်ဟု ဒန်နီအဲလ်ဗက်စ်က မှတ်ချက်ပြုခဲ့ သည်။ မော်ရင်ဟိုသည် ရီးယဲလ်နည်းပြ ရာထူးတွင် ဘာစီလိုနာနှင့် ခါးသီးသော အားပြိုင်မှုများ ရှိခဲ့သူ ဖြစ်သည်။ အဆိုပါ ပေါ်တူဂီသားသည် ယခုအခါ ချယ်လ်ဆီး အသင်းကို မန်နေဂျာအဖြစ် တာဝန်ယူနေပြီး ဘာစီလိုနာက ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်ကို ချိတ်ဆက်လျှက် ရှိသည်။ မော်ရင်ဟိုသည် ဘာစီလိုနာ၏ ကမ်းလှမ်းမှုကို ပယ်ချထားပြီး လုဇ်အတွက် ကမ်းလှမ်းမှုသည် အချိန်ဖြုန်းနေခြင်းသာ ဖြစ်မည်ဟု သတိပေးထားသည်။ ဘာစီလိုနာ နောက်ခံလူ အဲလ်ဗက်စ်က ၎င်း၏ ဘရာဇီးလ် လက်ရွေးစင် အသင်းဖော်ကို နူးကမ့်သို့ ခေါ်ယူရေး သည် မော်ရင်ဟိုကြောင့် အိပ်မက်ဆန်လွန်းကြောင်း ဝန်ခံသွားသည်။

မော်ရင်ဟိုက လုဇ်ကို ဘာစီလိုနာ ပြောင်းခွင့်ပေးမယ်လို့ မထင်ဘူး။ လုဇ်ကိုရရင် ကျွန်တော်တို့အသင်း ပိုအားကောင်းသွားမှာကို သူသိတယ်လေ။ ပြောရရင် လုဇ်ကို ဘာစီလိုနာ ခေါ်ဖို့ဆို တာ တော်တော်ခက်လိမ့်မယ်။ မဖြစ်နိုင်သလောက်ပါပဲလေဟု အဲလ်ဗက်စ်က ဆိုသည်။ ၎င်းက လုဇ်သာ ဘာစီလိုနာ ရောက်လာပါ က ပျော်ရွှင်မိမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ကျွန်တော့် သူငယ်ချင်းတိုင်းကို အကောင်းဆုံး အကြံပေး ပေးချင်တာပါ။ လုဇ်က သူငယ်ချင်း ဖြစ်ရုံ သက်သက်ကြောင့် မဟုတ်ဘူး၊ တကယ်လည်း အရည်အချင်း ရှိသူမို့ ဘာစီလိုနာကို ပြောင်းလာစေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောသလိုပဲ မော်ရင်ဟိုက လိုက်လျောဖို့တော့ မလွယ်လောက်ဘူးဟု အဲလ်ဗက်စ်က ပြောဆိုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ