ဝက်စ်ဟမ်းသို့ ရောက်ရှိသွားခဲ့သည့် ဒေါင်းနင်း


ဝက်စ်ဟမ်းအသင်းသည် လီဗာပူးလ်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား စတီးဝပ်ဒေါင်းနင်း အားခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်းကြေငြာခဲ့သည်။ ဒေါင်းနင်းအတွက် ၀က်စ်ဟမ်းအသင်းသည်ပြောင်းရွှေ့ကြေးအဖြစ်ပေါင် ၅ သန်းခန့်အသုံးပြုခဲ့ရပြီးအ သင်းနှင့် လေးနှစ်စာချုပ်ချုပ်ဆိုသွားခဲ့သည်။

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ၀က်စ်ဟမ်းအသင်းသည် လီဗာ ပူးလ်အသင်းထံမှတိုက်စစ်မှူး အန်ဒီကာရိုးလ် အားခေါ်ယူနိုင်ခဲ့သလို ယခုလီဗာပူးလ်အသင်းမှ ဒေါင်းနင်း အားထပ်မံ၍ ခေါ်ယူနိုင်ခဲ့ခြင်း လည်းဖြစ်သည်။ ဒေါင်းနင်း သည်လီဗာပူးလ်အသင်းထံသို့ ၂၀၁၁ ခုနှစ်တွင် အက်စတွန်ဗီလာအသင်း ထံမှ ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ ဖြင့်ပြောင်းရွှေ့လာခဲ့သော်လည်း အသင်းတွင်ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေခဲ့ရပြီး ယခု ၀က်စ်ဟမ်းအသင်းထံပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

"ကျနော်အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ကျနော် လီဗာပူးလ်အသင်းမှာထက် အခွင့်အရေးပိုမိုရရှိဖို့ပါပဲ။ ၀က်စ်ဟမ်းအသင်းဟာ အသင်းကြီးတစ်သင်းဖြစ်ပြီး ခုလိုပြောင်း ရွှေ့ခွင့်ရရှိတဲ့အတွက် စိတ်လှုပ်ရှားမိခဲ့ပါတယ်" ဟု ဒေါင်းနင်း ကပြောကြားသွားခဲ့သည်။ ဒေါင်းနင်း သည်လီဗာပူးလ် အသင်းတွင် ရှိနေစဉ်ကာလအတွင်း အသင်းအတွက်ပြိုင်ပွဲပေါင်းစုံတွင် ၉၁ ပွဲပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူပေးထား နိုင်ခဲ့သည်။

Yatanarpon

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ