လူငယ်စာရေးဆရာ (၄)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ဂရင်းအိုင်ဒီယာအဖွဲ့မှ ဆီးဂိမ်းပရိုဂရမ်ရိုက်ကူး

ဆီးဂိမ်းပြိုင်ပွဲကြီးကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ဆီးဂိမ်းကို ပရိသတ်တွေ၊ ပြည်သူတွေ စိတ်ဝင် စားမှုမြင့်တက်လာစေဖို့ အတွက်လှုံ့ ဆော်မှုဇာတ်လမ်း တွေ၊ပရိုဂရမ်တွေ အနုပညာရှင် တွေနဲ့ပုံဖော်ရိုက်ကူးတာကို တွေ့ ရပါတယ်။ဂရင်း အိုင်ဒီယာအဖွဲ့ လို့အမည်ပေးထားတဲ့ စာရေးဆရာလူငယ်များဖြစ်ကြတဲ့ လူနေ၊သည်ခေတ်နေ၊သိုးဆောင်၊ မိုးစက်ဝိုင်တို့က Lucky Number ဆိုတဲ့၁ဝမိနစ်စာ ပရိုဂရမ်တစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ အဆိုပါ ပရိုဂရမ်ကိုရိုက်ကူးဖြစ်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး Green idea အဖွဲ့ရဲ့ တစ်ဦးဖြစ်တဲ့လူနေက

" ကျွန်တော်ရယ်၊သိုးဆောင်းရယ်၊ မိုးစက်ဝိုင်ရယ်၊ သည်ခေတ်နေရယ်တို့က Green idea အဖွဲ့ဆိုပြီးအားလုံးစုပေါင်း လုပ်ကြတာပေါ့။ အဓိကကတော့ ဒါကဆီးဂိမ်းလှုံ့ဆော်ရေးတစ် ခုပေါ့။ဆီးဂိမ်းမှာပါဝင်မယ့် အားကစားနည်းစနစ်တွေ သမိုင်းအကြောင်းတွေကို သိပ်မသိကြဘူးလေ။ အားကစားတစ်ခုချင်း စီရဲ့သမိုင်းအကြောင်းတွေ အား ကစားနည်းဘယ်လိုမျိုးတွေရှိ တယ်ဆိုတာကို ဒီပရိုဂရမ်လေး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

ဥပမာဘောလုံးဆိုရင် ဘောလုံး ပေါ့။ ဘောလုံးရဲ့ သမိုင်းအကြောင်း ရှင်းပြမယ်။ ပြီးရင်ဘောလုံးမှာ ဘယ်လိုနည်းစနစ်တွေပါတယ် ဆိုတာရှင်းပြမယ်။ နောက်တစ်ခု က ၂၆ကြိမ်မြောက် ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာဗီဒီယိုဖိုင်လေး ကိုပြပြီးတော့ အဲဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ပဟေဠိလုပ်မှာပေါ့။ ဥပမာဆိုကြပါစို့ ဒီဗီဒီယိုဖိုင်ထဲမှာ ဘယ်နှခုမြောက်ကဘယ်လို၊ ဘယ်ဂိုးသမားကတော့ ဘယ်နှဂိုးသွင်းတယ်၊ အဲဒီလို စာလေးတွေ အရင်ထုတ်ပြပြီးတော့ ပဟေဠိဖွက်မှာပေါ့။ မှန်လား၊မှားလာပေါ့။ အဲဒါကို ဖုန်းနဲ့မက်ဆေ့ပို့ပြီးဖြေရမှာပါ။

အမြန်ဆုံးနဲ့ အမှန်ဆုံးဖြေဆိုနိုင်သူ အယောက် ၁ဝဝ ကို လက်ကီးကဒ် တွေ ပြန်ပေးပို့သွားမှာပါ။ အဲဒီ Luck Card တွေက ရောင်းမှာပါ။ အဓိကအစီအစဉ်တစ်ခု အနေနဲ့ ထည့်ထားတာပါ။ အဓိကက ဆီးဂိမ်းအကြောင်းလေးတွေလည်း သိရင်းနဲ့ ကံစမ်းလို့ရအောင်လို့ ပေါ့။ ဒီအစီအစဉ်လေးကိုလည်း စိတ်ဝင်စားမှုရှိအောင်လုပ်တာပါ" လို့ ဆီးဂိမ်း အစီအစဉ်နဲ့ပတ်သက်ပြီး ရှင်းလင်း ပြောပြပေးခဲ့ပါတယ်။

Lucky Number ဆိုတဲ့ပရို ဂရမ်မှာပါဝင်ပြီး ပူးပေါင်းဆောင်ရွက်နေတဲ့ Green ideal အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ သည်ခေတ်နေကလည်း " ဒါက ၁ဝမိနစ်စာ Programတစ်ခုပါ။ Hello Modam Media Group ကနေ စီစဉ်တာပါ။ ဒီမှာကကျွန်တော်တို့က Group တစ်ခုအနေနဲ့ လုပ်တာပါ။ ဒါရိုက်တာအမည်တပ်ရင်တော့ ကျွန်တော်လည်းမဟုတ်ဘူး။ ကျန်တဲ့သူတွေလည်းမဟုတ်ဘူး။ Green idea ဆိုပြီးလုပ်ခဲ့ကြတာပါ။ ဒါအားလုံးစုပေါင်းပြီးလုပ်ကြတာပါ" လို့ ပြောပြခဲ့ပါတယ်။ အဆိုပါပရိုဂရမ်မှာ ပါဝင်ဆောင် ရွက်ခဲ့တဲ့ သိုးဆောင်းကလည်း

" ကျွန်တော်က ဒီမှာ ကစားပွဲတွေရဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီးစီစဉ်ပေးရတဲ့ အပိုင်းမှာ တာဝန်ယူပေးထားပါတယ်။ ကျန်တာအားလုံးကတော့ လေး ယောက်အတူတူပေါင်းပြီး လုပ်ကြတယ်။ခုလို ဆီးဂိမ်းလှုံ့ဆော်ရေးနဲ့ပါဝင်လုပ်ဆောင်ခွင့်ရတဲ့ အတွက်လည်းဝမ်းသာပါတယ်" လို့ ပြောပြခဲ့ပါတယ်။ အားဖြည့် ပါဝင်ဆောင်ရွက်ခဲ့တဲ့ မိုးစက်ဝိုင်ကလည်း" ကျွန်တော်က ဒီမှာစကားလုံး ဒါရိုက်တာ။ ကျွန်တော်တို့ လေးယောက်က အရင်ကလည်း ဒီလိုပေါင်းပြီးတော့စာအုပ် ထုတ်တာတွေရှိတယ်။

ပရိုဂရမ်လေး တွေ လုပ်မယ်ဆိုပြီး Group လုပ်ထားတာလည်း ကြာပြီပေါ့။ အခုဒီပရိုဂရမ်လေးကို စရိုက်ဖြစ်တာပါ။ ပထမဆုံးပေါ့။ ခုလို လုပ်ခွင့်ရတဲ့အတွက်လည်းပျော်တယ်။ အားလုံးဆီးဂိမ်းအတွက် လုပ် ဆောင်နေတဲ့အချိန်မှာ ကျွန်တော်လည်းဆီးဂိမ်းအတွက် တစ်ခုခုလုပ်ခွင့်ရတဲ့အတွက်ကျေလည်း ကျေနပ်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်" လို့ပြောပြခဲ့ပါ တယ်။

Lucky Number ဆို တဲ့ အစီအစဉ်လေးကို သြဂုတ်လ ၂၁ ရက်နေ့ကစပြီး မြဝတီ ရုပ်မြင်သံကြားကနေ စတင်ထုတ် လွှင့်တော့မှာဖြစ်တယ်လို့ သိရ ပါတယ်။

သိမ့်သိမ့်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ