စုစည်းညီညွတ်အနုပညာပေါင်းစည်းအားနှင့် 5 Star

ယနေ့ရုပ်ရှင်နှင့်ဇာတ် သဘင်လောကတွင်ဟာသ လူရွှင်တော်အဖွဲ့များ အသီးသီးပေါ်ထွက်လာခဲ့ ကြသည်။ ထိုအထဲကမှ 5 Star အဖွဲ့ဆိုလျှင် စုစည်းမှု၊ ညီညွတ် မှုအားနှင့် အချိန်တိုအတွင်းမှာ ပရိသတ်ရင်ထဲရောက်ခဲ့ရ သည်။ ထိုသို့အချိန်အတောအတွင်းပရိသတ်အသိအ မှတ်ပြုလက်ခံရသည့် အကြောင်းကို 5 Star အဖွဲ့ဝင်တစ်ဦးဖြစ်သူကိုမျောက် ရှုံးက ” တစ်ယောက် နဲ့တစ်ယောက် နားလည်မှုစိတ်ဓာတ်နဲ့ပဲ ပေါင်တယ်။

ကြိုက်တာနဲ့ပဲပေါင်းတယ်။ မကြိုက်တာနဲ့ မပေါင်းဘူး။ လုပ်ငန်း အပေါ်မှာ စည်းကမ်းချက်တော့ ထားတယ်။အဲဒါကိုအကုန် လိုက်နာကြတာပေါ့။ စိတ်တူကိုယ်တူ ချည်းပဲလိုက်ပေါင်းနေရင် လည်းမဖြစ်ဘူး။နားလည် ပေး၊ ညှိနှိုင်းပြီးပေါင်း သင်းရ တယ်။ နယ်တွေ ဘာတွေသွား ရင်အဆင်ပြေစေ ဖို့ကား တစ် စီးဝယ်ထားတယ်။ အဲဒါ လေး နဲ့ သွားတော့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ ပို နွေးထွေး တာပေါ့။ဒီ လို အောင်မြင်တာ ကလည်းညီ ညွတ်လို့ပဲ။အဖွဲ့နဲ့ လုပ်တာ ဆိုတော့ တစ်ဦးတစ် ယောက်ကောင်းနေလို့ မရ ဘူးလေ။ အကုန်လုံးကောင်း နေမှ၊ ညီညွတ်မှဖြစ် မှာ၊ အောင် မြင်မှာ၊ ဒီထက် ညီညွတ်ဖို့ လည်း ကြိုးစားလုပ်ဆောင် ရတာပေါ့။

ငွေရေးကြေးရေး ပိုင်း မှာ လည်း ဘုံစနစ်ထားပြီး သုံး စွဲတယ်။ အစ်ကိုတို့အား လုံး က စုစည်းတယ်။တက်ညီ လက်ညီရှိတယ်။ဒီအတွက်လည်း 5 Star အောင်မြင် တယ်လို့ထင်ပါတယ်” ဟု ပြော သည်။ 5 Star ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူကိုကြာစိကလည်း” တစ်ယောက်နဲ့အကြိတ်အနယ်၊ မမောမပန်းနဲ့ လုပ်ဆောင် တယ်။ ကောင်းရင် အတူခံစားဆိုရင်လည်း အတူမျှဝေတယ်။

ဆိုးအတူ ကောင်းအတူပေါ့။တစ် ယောက်နဲ့တစ်ယောက်က ပြောမနာဆိုမနာတွေဆိုပေမယ့် စင်ပေါ်တက်တဲ့ အခါ ပိုစည်းလုံးတယ်။ ပရိသတ်ကို လည်းအမြဲတမ်းလေးလေး စားစားဆက်ဆံတယ်။ ကိုယ် တတ်ထား တဲ့လူရွှင်တော် ပညာနဲ့ပရိသတ်ကိုဘယ်လို ပျော်ရွှင်အောင် ထားရမလဲ ဆိုတာအမြဲတမ်းစဉ်းစား တယ်။တစ်ယောက်နဲ့တစ် ယောက်မပြိုင်ဘူး။ တက်ပြီး ရင် ပြန်ကျမှာပဲ။ ပြန်ကျသွား ခဲ့ရင်လည်းအကျမနာအောင် နေ ရာလေးတစ်ခုခိုင်ခိုင်မာ မာရှိဖို့ ကြိုးစားတယ်။ 5 Star ပေါ်လာပြီး 5 Starပျောက် သွားတယ်ဆိုတာမျိုးမဖြစ်စေချင်ပါဘူး” ဟုပြောသည်။

M ဘွယ်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ