US Open တွင် ဆူဂါပိုဗာအမည်အသုံးပြုနိုင်ရန် ရှာရာပိုဗာ ကြိုးပမ်း

ကမ္ဘာ ကျော်တင်းနစ်မယ် ရှာရာပိုဗာ သည် ၎င်း၏ကုန်ပစ္စည်း ချိုချဉ် ဆူဂါပိုဗာကို ကြော်ငြာသည့်အနေ ဖြင့် US Open တွင် သူမအမည် ရင်းအစား ဆူဂါပိုဗာဟုပြောင်း လဲသုံးစွဲရန် ကြိုးပမ်းနေကြောင်း သိရသည်။

အရသာ၁၂မျိုးဖန်တီးထုတ် လုပ်ထားသည့် ဆူဂါပိုဗာအမည် ရှိသကြားလုံးကို ယခုနှစ်အတွင်း ဖန်တီးဖြန့်ချိထားခြင်းဖြစ်ပြီး ယင်း ကုန်ပစ္စည်းမှ ရရှိသည့်အကျိုးအ မြတ်ကို မာရီယာရှာရာပိုဗာဖောင် ဒေးရှင်းတွင် အလုံးစုံအသုံးပြုရန် ရည်ရွယ်ထားသည်။

ယင်းဆူဂါပိုဗာအမည်ကို ရှာရာပိုဗာအနေဖြင့် US Open တွင် ပြောင်းလဲအသုံးပြုရန်ရည် ရွယ်လျက်ရှိကြောင်း သူမ၏အေး ဂျင့်ဖြစ်သူ အီဆင်ဘက်ဂ်က ထုတ် ဖော်ပြောကြားထားပြီး ယင်းနာ မည် ပြောင်းလဲအသုံးပြုနိုင်ရန် အတွက် ဖလော်ရီဒါအထူးတရား ရုံးသို့ ဦးတည်လျှောက်ထားရမည် ဖြစ်သည်။
ထိုသို့ ရှာရာပိုဗာက ၎င်း အမည်ပြောင်းလဲလိုသော်လည်း အမေရိကန်တင်းနစ်အဖွဲ့ချုပ်က အမည်ပြောင်းလဲခြင်းကို လက်ခံ ရန်မနှစ်မြို့ကြောင်း သိရသည်။

ရှာရာပိုဗာသည် Us Open တွင် သူမဝတ်ဆင်မည့်အင်္ကျီတွင် ကုမ္ပဏီတံဆိပ်ကိုလည်း တပ်ဆင် သွားရန် ရည်ရွယ်ထားသည်။

ကမ္ဘာ့အဆင့်(၃)သို့ရောက် ရှိနေသူ ရှာရာပိုဗာသည် တင်းနစ် ကွင်းအတွင်းတွင် အောင်မြင်မှု ရနေသလို အခြားစပွန်ဆာကုမ္ပဏီ များမှပေးနေသည့် အခကြေးငွေ များကြောင့် ကမ္ဘာ့တင်းနစ်မယ် များထဲတွင် ဝင်ငွေအကောင်းဆုံး တင်းနစ်မယ်တစ်ဦးအဖြစ် ရပ် တည်နေကြောင်း Forbes စာရင်း များအရ သိရသည်။

ထို့အပြင် Forbes ၏ထုတ် ပြန်ချက်အရ ကမ္ဘာ့ဝင်ငွေ အ ကောင်းဆုံး အားကစားသမားစာ ရင်းတွင် အဆင့်၂၉၌ ရပ်တည် လျက်ရှိသည်။

သြဂုတ်(၂၁)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ