ဖယ်လိုင်နီကို ပေါင်၂၃ သန်းဖြင့် မန်ယူ ကမ်းလှမ်း


ဖာဘရီဂတ်စ်ကို ခေါ်ယူရန် မရေမရာ ဖြစ်နေသည့် အတွက် မန်ယူ နည်းပြ မိုရက်စ်က အသင်းဟောင်း အဲဗာတန်မှ ဖယ်လိုင်နီကို ပေါင် ၂၃ သန်းဖြင့် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

အပြောင်းအရွှေ့ကာလတွင် ငြိမ်သက်နေခဲ့သော မန်ယူ အနေနှင့် အဓိက ခေါ်ယူမှု အဖြစ် ဖယ်လိုင်နီကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး အဲဗာတန်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးနေသည်ဟု ဆိုသည်။ မိုရက်စ်က ဖယ်လိုင်နီ အတွက် တစ်ပတ် လုပ်ခ လစာ ပေါင် တစ်သိန်းပေးမည်ဟု သိရပြီး ဖယ်လိုင်နီကလည်း ချန်ပီယံလိဂ် ပွဲမျိုးကို ကစားလိုသူ ဖြစ်သဖြင့် အပြောင်းအရွှေ့မှာ ဖြစ်နိုင်ခြေရှိသည်ဟုအချို့သတင်းများက ဖော်ပြခဲ့ကြ သည်။

မိုရက်စ်မှာ အာဆင်နယ် ကစားသမားဟောင်း ဖာဘရီဂတ်စ်ကို အဓိကထားကာ ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ဘာစီလိုနာ ဘက်မှ မီးစိမ်းမပြသဖြင့် ဖယ်လိုင်နီ ဘက်သို့ ဦးလှည့်လာခြင်း ဖြစ်ပြီး ဖယ်လိုင်နီ၏ အသင်းဖော် လေတန်ဘိန်းကိုလည်း ခေါ်ယူလိုလျက် ရှိနေသည်။

Yatanarpon

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ