ဒေါပုံ ယမုံနာလမ်းတွင် ယာဉ်(၄)စီး ဆင့်ကဲတိုက်


ရန်ကုန်၊ သြဂုတ် ၇

၆.၈.၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ဒေါပုံမြို့နယ်၊ ယမုံနာလမ်းတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်နေ ဇော်ဆန်း (ဘ)ဦးမောင်မောင် မောင်းနှင်လာသည့် ၅ခ/---- Dump Truck ကိုယ်ပိုင်ယာဉ် သည် ၎င်း၏ရှေ့မှ လမ်းကြပ်၍ ဖြည်းဖြည်းချင်း မောင်းနှင်နေသော ကိုတင်ထွန်း မောင်းနှင်သည့် ၉ဃ/---- အငှားယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိသည့်အရှိန်ကြောင့် ၉ဃ/---- ယာဉ်မှ ၎င်း၏ရှေ့ရှိ ကိုဇေယျာမင်းထင် မောင်းနှင်သော ၃ခ/---- Station Wagon ကိုယ်ပိုင်ယာဉ်အားတိုက်မိခဲ့ပြီး ၃ခ/----ယာဉ်မှ ဦးအုန်းကျော်
မောင်းနှင်သည့် ၄ခ/---- စူပါကာစတန်ယာဉ်အား ဆက်လက်၍တိုက်မိခဲ့ပါသည်။

ထိုသို့ ဆင့်ကဲတိုက်မိမှုကြောင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ၅ခ/---- Dump Truck ယာဉ်မောင်းဖြစ်သူ ဇော်ဆန်းအား ဒေါပုံမြို့မရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၃၊ ပုဒ်မ ၂၇၉ ဖြင့်အရေးယူ
ဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ