ခရစ္စတီယန် စတီးဝပ် အချစ်သစ်တွေ့နေပြီ

ခရစ္စတန်သည် လိန်းဂါရစ်ဆင်နှင့် တွဲနေပြီး ယခုအခါ လိန်းသည် Twilight မင်းသမီး၏ လော့စ်အန်ဂျလိစ်မြို့ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်နေပြီဟုလည်း ကောလာဟလများ ပျံ့နှံ့လျှက် ရှိသည်

ခရစ္စတီယန် စတီးဝပ်တစ်ယောက် အချစ်သစ် တွေ့နေပြီဟု ယူဆရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ခရစ္စတန်သည် လိန်းဂါရစ်ဆင်နှင့် တွဲနေပြီး ယခုအခါ လိန်းသည် Twilight မင်းသမီး၏ လော့စ်အန်ဂျ လိစ်မြို့ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်နေပြီဟုလည်း ကောလာဟလများ ပျံ့နှံ့လျှက် ရှိသည်။ ခရစ္စတန်သည် Twilight ဇာတ်ကားများတွင် အတူတွဲဖက် သရုပ်ဆောင်ခဲ့သည့် ရောဘတ် ပက်တင်ဆန်နှင့် ချစ်သူအဖြစ်မှ လမ်းခွဲခဲ့သည့်နောက် တစ်ကိုယ်တည်း ကာလအတန် ကြာ ဖြတ်သန်းခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လိန်းနှင့် သူမတို့ကြား ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိနေသည်ဟု ယူဆနိုင်လောက်စရာ အခြေအနေများ တွေ့မြင်လာရသည်။

Camp X-Ray ဇာတ်ကား ရိုက်ကွင်းတွင် တွေ့ဆုံလာသည့်နောက် အသက်(၃၃)နှစ်ရှိ လိန်းသည် ၎င်းထက် အသက်(၁၀)နှစ်ငယ်သော မင်းသမီးနှင့် ဆက်ဆံရေး သိသိသာသာ နီးကပ်လာကြောင်း မျက်မြင်များက ဆိုသည်။ ယခုအခါ လိန်းသည် ခရစ္စတန်နှင့် အတူသွားရောက် နေထိုင်နေပြီ ဟု နီးစပ်သူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ "လိန်းကို အဖော်ပြုရတာကို ခရစ္စတန်ကလည်း ပျော်ပါတယ်။ ခုဆို လိန်းက ခရစ္စတန့် အိမ်မှာပဲ အချိန်အတော်များများ ရှိနေတယ်။ လိန်းက ပထမတော့ လော့စ် အန်ဂျလိစ်မှာ ဟိုတယ်သွားတည်းတယ်။ နောက်ပိုင်းတော့ လော့စ်ဖီး လစ်ဇ်က ခရစ္စတန်ရဲ့အိမ်မှာ ပြောင်းနေဖြစ်ပါတယ်"ဟု ခရစ္စတန်၏ သူငယ်ချင်း တစ်ဦးက ထုတ်ဖော်ပြောဆိုသွားသည်။

ခရစ္စတန် အနေဖြင့် လိန်းနှင့် ပျော်ရွှင်နေသည့်တိုင် သူမ၏ မိသားစုက အတိတ်တွင် မှောင်ရိပ်သန်းမှုများ ရှိခဲ့ဖူးသည့် လိန်းနှင့် ပတ်သက်ပြီး စိုးရိမ်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ လိန်းသည် (၂၀၀၇)ခုနှစ်က အရက်မူးပြီး ကားမောင်းကာ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးသည့် ယာဉ်တိုက်မှု ဖြစ်ခဲ့ပြီးနောက် ထောင်(၃)နှစ် ကျခဲ့သည်။ လိန်းသည် ယခင်က Playboyမဂ္ဂဇင်း၏ Playmate တစ်ဦးလည်းဖြစ်၊ ၎င်း၏ ချစ်သူဟောင်းလည်းဖြစ်သည့် အက်ရှ်လေ မစ်တင်ဂလီကို ပါးရိုက်ခဲ့ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့ဖူးသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ