ပခုံးဒဏ်ရာကြောင့် အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲမှ ရှာရာပိုဗာ နုတ်ထွက်

ရုရှား တင်းနစ်မယ်က သူမ၏ ညာဘက်ပခုံးသည် ဒဏ်ရာကြောင့် ရောင် ရမ်းနေ ဆဲဖြစ်ပြီး လာမည့်သီတင်းပတ်တွင် စတင်မည့် ဂရင်းဆလင်း ပြိုင်ပွဲကြီးအတွက် မည်သို့မျှ ပါဝင်နိုင်ခြေ မရှိတော့ဟု ဝန်ခံခဲ့

ပခုံးဒဏ်ရာ ရရှိထားခြင်းကြောင့် အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း မာရီယာ ရှရာပိုဗာက ပြောကြား လိုက်သည်။ (၂၀၀၆)ခုနှစ်က အမေရိကန် အိုးပင်းတွင် ဗိုလ်စွဲခဲ့ဖူးသည့် ရုရှား တင်းနစ်မယ်က သူမ၏ ညာဘက်ပခုံးသည် ဒဏ်ရာကြောင့် ရောင်ရမ်းနေ ဆဲဖြစ်ပြီး လာမည့်သီတင်းပတ်တွင် စတင်မည့် ဂရင်းဆလင်း ပြိုင်ပွဲကြီး အတွက် မည်သို့မျှ ပါဝင်နိုင်ခြေ မရှိတော့ဟု ဝန်ခံခဲ့သည်။ အသက်(၂၆)နှစ်ရှိ ရှရာပိုဗာသည် အဆိုပါ ပြိုင်ပွဲအတွက် ဦးစားပေးအဆင့် သတ်မှတ်ချက် တတိယနေရာ ရထားသူလည်း ဖြစ်သည်။ အမေရိကန် ပရိသတ်များ အနေဖြင့် ရှရာပိုဗာကို မျှော်လင့်နေသော်လည်း သူမက စိတ်ပျက်ဖွယ် သတင်းကို Facebookမှတစ်ဆင့် ကြေညာခဲ့သည်။

ကျွန်မအနေနဲ့ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲ နောက်ပိုင်းကတည်းက ကျွန်မတတ်နိုင် သလောက် အစွမ်းကုန် ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ အမေရိကန် အိုးပင်းအ တွက် အဆင်သင့်ဖြစ်ဖို့ အချိန်မလောက်တော့ဘူးဟု ရှရာပိုဗာက Facebookမှ တစ်ဆင့်ဆိုသည်။ သူမက ကျွန်မ ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ပခုံးဒဏ်ရာ အရှင်းပျောက်တဲ့ထိ အချိန်ယူပြီး နားနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ လွယ်ကူတဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့ အယှဉ်ပြိုင်ချင်ဆုံး ပြိုင်ပွဲကြီး တစ်ရပ်ကို လက်လွတ်လိုက်ရတာပါ။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ ကျွန်မတင်းနစ်ကွင်းတွေဆီ ပြန်ရောက် လာပါလိမ့်မယ်ဟု လည်း ပရိသတ်များအား အသိပေးခဲ့သည်။

ဂရင်းဆလင်း ပြိုင်ပွဲကြီးများတွင် (၄)ကြိမ် ဗိုလ်စွဲဖူးသည့် ရှရာပိုဗာက နောက်ထပ် သီတင်းပတ် နည်းနည်းလောက်တော့ ကျွန်မ အနားယူပါမယ်။ သီးခြား စနစ်တကျ ကုသမှုတွေ ခံယူမှာပါ။ ပြီးရင်တော့ နာလံထ လေ့ကျင့်ခန်းတွေအတွက် စီစဉ်ထားပါတယ်ဟုလည်း Facebookတွင် ဆက်လက် ရေးသားထားခဲ့သည်။ ရှရာပိုဗာသည် ဂရင်းဆလင်း ပြိုင်ပွဲကြီး (၄)ရပ်တွင် ချန်ပီယံဆု စုံစုံညီညီ ရရှိခဲ့ပြီး (၂၀၀၄)ခုနှစ်က ဝင်ဘယ်လ်ဒန်၊ (၂၀၀၆)ခုနှစ်က အမေရိကန်အိုးပင်း၊ (၂၀၀၈)ခုနှစ်က ဩစတြေးလျ အိုးပင်းနှင့် (၂၀၁၂)ခုနှစ်က ပြင်သစ်အိုးပင်း ဗိုလ်စွဲခဲ့ဖူးသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ