မွေးကင်းစကလေးငယ်ကို စွန့်ပစ်ထားခဲ့သူအား အမှုဖွင့်အရေးယူ

ရန်ကုန်၊ သြဂုတ် ၂၄

၂၂.၈.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းသည် အကွက်(၃၀)၊ယုဇနလမ်း၊ ခြံအမှတ်(--)ရှေ့ရှိ ပန်းအလှ အုတ်ခုံပေါ်တွင်
မွေးကင်းစကလေးငယ်တစ်ဦးအားတွေ့ရှိကြောင်းသတင်းအရ သွားရောက်ကြည့်ရှုခဲ့ရာ မွေးကင်းစကလေးငယ်(ယောက်ျားလေး) ၊ (၄)ပေါင်ခန့်အားတွေ့ရှိသဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ကာ မိဘအုပ်ထိန်းသူများအား စုံစမ်းနေစဉ် ၂၃.၈.၂၀၁၃ ရက်နေ့
၀၂၀၀ အချိန် ကလေးငယ်မှာသေဆုံးသွားခဲ့သဖြင့် အဆိုပါကလေးငယ်ကို
စွန့်ပစ်သွားသောအုပ်ထိန်းသူ(စုံစမ်းဆဲ) အားအရေးယူပေးပါရန်
ဦးသန်းထွန်း မှတိုင်တန်းခဲ့သဖြင့် သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၂၆၇/၂၀၁၃၊ ပုဒ်မ ၃၁၇ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ