ဖိလစ်ပိုင် နိုင်ငံတွင်ပြုလုပ်ခဲ့သော အာရှ လူငယ် ဝူရှူးပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ လူငယ်ဝူရှူးကစားသမား ၁၄ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် နှစ်ခု၊ ငွေလေးခု၊ ကြေး ငါးခု ဆွတ်ခူးရရှိနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာရှလူငယ်ပြိုင် ပွဲသို့ နိုင်ငံပေါင်း၂၂နိုင်ငံမှ ဝင် ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ် သည်။ မြန်မာလူငယ်ဝူရှူးကစား သမားများထဲမှ ထက်အောင် ကျော်က ရွှေတံဆိပ်တစ်ခု၊ ကြေး တံဆိပ် တစ်ခု၊ ခိုင်ဇင်သက်က ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် တစ်ခု၊ စိန်သီဟအောင်က ကြေး တံဆိပ်တစ်ခု၊ မြတ်သက်ဆုဝေ ဖြိုးက ကြေးတံဆိပ်တစ်ခုနှင့် အောင်ကိုဟန်တို့က ကြေးတံဆိပ် တစ်ခုဖြင့် ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိကာ ယခု နှစ်တွင်ွှေူသက နှင့ှ်ညေိေ နှစ် မျိုးကိုသာ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ် သည်။
မြန်မာအသင်းအနေဖြင့် ယခုပြိုင်ပွဲသို့ အုပ်ချုပ်သူ၊ နည်း ပြများအပါအဝင် စုစုပေါင်း ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရသည့် ဆု တံဆိပ် ၁၁ခုတွင် မန္တလေးသား ဝူရှူးကစားသမားများက ဆုတံ ဆိပ်ခုနစ်ခု ရယူနိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Yangon Media Group
အာရှလူငယ်ချန်ပီယံရှစ်ပြိုင်ပွဲမြန်မာအသင်း ဆုတံဆိပ် ၁၁ခုရ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin