ကိက်တီပယ်ရီ၏ အရောင်းမြှင့်တင်ရေး ကားကို ထရပ်ကားငယ် တစ်စီး ဝင်တိုက်

ပင်ဆယ်လ်ဗေးနီးယား၊ သြဂုတ် ၁၁

နာမည်ကျော် ပေါ့ပ်အဆိုတော် ကိက်တီပယ်ရီရဲ့ အယ်လ်ဘမ်သစ် အရောင်း မြှင့်တင်ရေးအတွက် ခရီးသွားရာမှာ သုံးတဲ့ ရွှေရောင် ထရပ်ကားတွေထဲက တစ်စီးကို ထရပ်ကားင...ယ် တစ်စီးက ဝင်တိုက်ခဲ့တယ် လို့ tmz.com မှာ ဖော်ပြထားပါတယ်။

အယ်လ်ဘမ်သစ် မိတ်ဆက်ဖို့အတွက် ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အတွင်းမှာ လှည့်လည် သွားလာနေတဲ့ ကိက်တီပယ်ရီရဲ့ ရွှေရောင် ထရပ်ကားကြီးတွေထဲက တစ်စီးကို သြဂုတ်လ ၉ ရက်နေ့ က အမူးသမား တစ်ယောက် မောင်းလာတဲ့ ထရပ်ကားငယ်က ကုန်တင်ယာဉ် ရပ်နားစခန်း တစ်ခု အနီးမှာ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကိက်တီပယ်ရီဟာ အဆိုပါ ထရပ်ကားငယ် ဝင်တိုက်ခံရတဲ့ ကားကို စီးလာတာ မဟုတ်ဘဲ တခြား ထရပ်ကား တစ်စီးနဲ့ လိုက်ပါလာတာ ဖြစ်တဲ့ အတွက် ကံကောင်းသွားခဲ့ပါတယ်။

အဆိုပါ ယာဉ်တိုက်မှုမှာ ဒဏ်ရာ ရရှိသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေမယ့် ကိက်တီပယ်ရီရဲ့ ရွှေရောင် ထရပ်ကားကြီးကတော့ ရှေ့မီးသီးကြီး တစ်လုံး ကွဲသွားသလို ကားခေါင်းပိုင်း နေရာ အချို့လည်း ပျက်စီးသွားခဲ့တယ်လို့ tmz.com မှာ ဖော်ပြထားချက်အရ သိရပါတယ်။

ကိက်တီပယ်ရီရဲ့ ရွှေရောင်ထရပ်ကားကို ဝင်တိုက်ခဲ့တဲ့ ထရပ်ကားငယ် ဒရိုင်ဘာကိုတော့ ရဲတွေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး တရားရုံးက သူ့ကို ယာဉ်တိုက်မှုအပြင်၊ အရက်မူးပြီး မောင်းနှင်မှုနဲ့ပါ အရေးယူသွားဖွယ် ရှိနေပါတယ်။

အဆိုပါယာဉ်တိုက်မှုအကြောင်းကို ကိက်တီပယ်ရီက သူ့ရဲ့ တွစ်တာ စာမျက်နှာကနေ တစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ပြီး အတိုက်ခံခဲ့ရတဲ့ ထရပ်ကားကြီးကို အမြန်ဆုံး ပြုပြင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကိက်တီပယ်ရီဟာ Prism လို့ အမည်ရတဲ့ သူ့ရဲ့ အယ်လ်ဘမ်သစ် ကို အောက်တိုဘာလ ၂၂ ရက်နေ့ မှာ စတင် ဖြန့်ချိမှာ ဖြစ်ပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ