လာလီဂါ ရာသီအား စောင့်မျှော်လျက် ရှိသော ဘာကာကြယ်ပွင့် မက်ဆီ


လန်ဒန်  ဇူလိုင်  ၃၁

ဘာကာ၏ ကြယ်တစ်ပွင့်ဖြစ်သော တိုက်စစ်မှူး လီယိုနယ်မက်ဆီသည် ၂ဝ၁၂-၂ဝ၁၃ ရာသီအား ရှုပ်ထွေး ခက်ခဲလှသည်ဟု ယူဆထားပြီး ၎င်းအနေဖြင့် လာမည့် လာလီဂါရာသီကို သာ စောင့်မျှော်လျက်ရှိကြောင်း သိရသည်။

တိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သော ရာသီအတွင်း ဘာကာအသင်းအား လိဂ်ဖလားရရှိအောင် ကူညီပေးခဲ့သူ ဖြစ်သလို ဖီဖာ၏ Ballon d'Or ဆုကိုလည်း စတုတ္ထ အကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။

အာဂျင်တီးနား လက်ရွေးစင် ကစားသမား မက်ဆီသည် လတ်တလော အတွင်း ဒဏ်ရာ ပြဿနာများနှင့် ရုန်းကန်ရလျက် ရှိသလို နည်းပြ တီတိုဗလန် နိုဗာ၏ ကင်ဆာ ရောဂါမှာလည်း ပြန်ပေါ်လာသောကြောင့် ရှုပ်ထွေးခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်ရ လျက်ရှိသည်။

သို့သော် မက်ဆီသည် နည်းပြသစ် ဂျာအာဒိုမာတီနို၏ အုပ်ချုပ်မှုအောက်တွင် ပိုမို ကောင်းမွန်သော နှစ်တစ်နှစ် ဖြစ်လာရေးအတွက် ကြိုးပမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိရသည်။ ဂျာအာ ဒိုမာတီနိုသည် ပြီးခဲ့သော သီတင်းပတ်က ဘာကာတွင် ဗလန် နိုဗာနေရာ၌  အစားထိုးရန် ခန့်အပ်လိုက်သော နည်းပြသစ် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ