အောက်တိုဘာ ပွဲစဉ်တွင်ရှုံးနိမ့်ပါက လက်ဝှေ့ လောကမှ နုတ်ထွက်မည့် အန်ထော်နီမန်ဒိုင်း


လန်ဒန်  ဇူလိုင်  ၃၁

ရပ်ဂ်ဘီလိဂ် နာမည်ကျော်ကစား သမားဟောင်း အန်ထော်နီမန်ဒိုင်း သည် လာမည့် သြဂုတ်လအတွင်း အမေရိကန်၌ ရှူးဂါးရှိန်း မို့စလေနှင့် ယှဉ်ပြိုင် ထိုးသတ်မည့် ပွဲစဉ်၌သာ ရှုံးနိမ့်ခဲ့ပါက လက်ဝှေ့လောကမှ နုတ်ထွက်မည်ဟု ပြောကြားထားကြောင်း သိရသည်။

 သြစတြေးလျ၏ လက်ဝှေ့လောကတွင် အထင်ကရဖြစ်သော မန်ဒိုင်းသည် အမေရိကန် လက်ဝှေ့ကျော် ရှိန်းမို့စလေ နှင့် ယှဉ်ပြိုင် ထိုးသတ်ရန် စိတ်အား ထက်သန်စွာ စောင့်ဆိုင်းလျက် ရှိပြီး ၎င်းပွဲစဉ်တွင် အနိုင်ရလိမ့်မည်ဟုလည်း အကြွင်းမဲ့ ယုံကြည်နေသည်။

 အဆိုပါ ပွဲစဉ်သည် မိမိလက်ဝှေ့ ထိုးသတ်ခဲ့သော သက်တမ်းတစ်လျှောက် အပြင်းထန်ဆုံး ပွဲစဉ် ဖြစ်လာဖွယ်ရှိပြီး မိမိအနေဖြင့် ၎င်းပွဲစဉ်အား အကောင်းဆုံး အနေအထားဖြင့် ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိသည် ဖလွိုက် မေဝယ်သာအား အမီလိုက်နိုင်သည် အထိ ကြိုးပမ်းသွားလိုကြောင်း မန်ဒိုင်းက ပြောကြားထားသည်။

မန်ဒိုင်းသည်  ပွဲပေါင်း ၄၄ ပွဲယှဉ်ပြိုင်ခဲ့ရာတွင် ငါးပွဲသာ ရှုံးနိမ့်ထားဖူးသူ ဖြစ်ကြောင်း  သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ