American Idol ရာသီသစ်မှာ ဒိုင်လူကြီးအဖြစ် ပြန်လည်မြင်တွေ့ရမည့် ဂျေလို

American Idol ရာသီသစ်မှာ ဒိုင်လူကြီးအဖြစ် ပြန်လည်မြင်တွေ့ရမည့် ဂျေလို အသက်(၄၄)နှစ်ရှိ အဆိုတော် မင်းသမီးကို American Idolတွင် တစ်ကျော့ပြန် ပါဝင်ပါရန် Fox Entertainmentက ဖိတ်ခေါ်ခဲ့ပြီးနောက် ယခုအခါ အပြန်အလှန် ဆွေးနွေးမှုများ အောင်မြင်ခဲ့ပြီ ဖြစ်သည်။

အပြီးသတ် ညှိနှိုင်း ဆွေးနွေးမှုများ အောင်မြင်သည့်နောက် ရာသီသစ် American Idol အစီအစဉ်၏ ဒိုင်လူကြီး ထိုင်ခံနေရာတွင် ဂျနီဖာ လိုပက်ဇ်ကို ပြန်လည် တွေ့မြင်ရတော့မည် ဖြစ်သည်။ အသက်(၄၄)နှစ်ရှိ အဆိုတော် မင်းသမီးကို American Idolတွင် တစ်ကျော့ပြန် ပါဝင်ပါရန် Fox Entertainmentက ဖိတ်ခေါ်ခဲ့ပြီးနောက် ယခုအခါ အပြန်အလှန် ဆွေးနွေးမှုများ အောင်မြင်ခဲ့ပြီ ဖြစ်သည်။ သတင်းများက Fox Entertainment အနေဖြင့် ဂျေလိုဟု ပရိသတ်များက ချစ်စနိုး ခေါ်ဝေါ်သည့် နာမည်ကျော် Popအဆိုတော်အား ဒေါ်လာ (၁၅)သန်း ပေးချေရမည်ဟု ဖော်ပြခဲ့သည်။ ဂျေလိုသည် American Idolတွင် (၂၀၁၁-၁၂) တစ်ရာသီစာ ဒိုင်အဖြစ် ပါဝင် ဆောင်ရွက်ဖူးသည်။

အစီအစဉ် တာဝန်ရှိသူများက ဂျေလိုကို တစ်ကျော့ပြန် စည်းရုံး သိမ်းသွင်းနိုင်ခဲ့ခြင်းကြောင့် American Idol၏ ပုံရိပ်ကို ပိုမိုမြှင့်တင်နိုင်မည်ဟု ယုံကြည်နေကြသည်။ ပြီးခဲ့သည့်ရာသီက ပါဝင်ခဲ့သည့် ဒိုင်များအနက် မာရိုင်ကာရေးနှင့် နစ်ကီမီနက်ဂ်ျတို့မှာမူ အစီအစဉ်နှင့် ဆက်လက်၍ လက်တွဲတော့မည် မဟုတ်ချေ။ သို့သော်လည်း ကိတ်သ်အာဘန်မှာမူ ယခုရာသီတွင်လည်း ဒိုင်လူကြီး ထိုင်ခုံနေရာ၌ ဆက်မြဲနေမည် ဖြစ်သည်။ ဂျေလိုသည် (၅)နှစ်အရွယ် အမြွာကလေးငယ် နှစ်ဦးဖြစ်သူ မက်စ်နှင့် အမ်မာတို့ကို လော့စ်အန်ဂျလိစ်တွင် အခြေတကျ ဖြစ်စေရန် ရည်ရွယ်ထားပြီး Fox Entertainment၏ ညှိနှိုင်းမှုအတွက် လိုလိုလားလား ရှိခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

On the Floorစတား အဆိုတော်၏ တစ်ကျော့ပြန် ပူးပေါင်းမှုကို American Idolက လာမည့် သီတင်းပတ်များအတွင်း အတည်ပြု ကြေညာဖွယ် ရှိနေသည်။ ဒိုင်လူကြီး (၃)ယောက် ကိုင်တွယ်ညွှန်ကြားမည့် အစီအစဉ်တွင် ဂျေလိုနှင့် အာဘန်တို့အတွက် (၂)နေရာစာ ရွေးချယ်ထားသော်လည်း တတိယတစ်ယောက်စာ လစ်လပ်နေဆဲ ဖြစ်သည်။ အဆိုပါ နေရာတွင် Black Eyed Peas အဖွဲ့မှ Will.I.Amက ရေပန်းစားနေကြောင်းလည်း သိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ