တစ်ရက်အတွင်း အဓမ္မကျင့်မှု နှစ်ခု အမှုဖွင့်

ရန်ကုန်တိုင်းတွင် အဓမ္မကျင့်ခံရသည့်အမှု သြဂုတ် ၁၉ ရက် တစ်ရက်တည်း နှစ်မှုရှိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများ စစ်ဆေးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ပထမဖြစ်စဉ်တစ်ခုမှာ စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသမီးကြီးတစ်ဦးကို မျက်နှာချင်းဆိုင် တိုက်ခန်းမှ ခင်မင်ရင်းနှီးသည့် အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပြီး ယင်းအမှုသည် သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့သော်လည်း ၁၀ ရက်အကြာတွင်မှ ရဲစခန်းတွင် အမှုဖွင့်ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသားမှာ နေ့လည်ခင်း အချိန်တွင် အိပ်ခန်းအတွင်းသို့ ၀င်ရောက်လာပြီး အလိုမတူဘဲ အဓမ္မကျင့်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်က ရဲစခန်းတွင် တိုင်တန်းထားသည်။

ယင်းအမှုကို စမ်းချောင်းရဲစခန်းက အမှုအမှတ်(ပ) ၂၅၆/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွပ်ခံရသူကို ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အဓမ္မကျင့်မှုဖြင့် တရားစွဲဆိုရန် ရဲများက ဆောင်ရွက်နေကြောင်း ရဲဌာနကထုတ်ပြန်သည်။

အခြားအမှု တစ်ခုမှာမူ ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အိမ်ရှင်အမျိုးသားကြီးက အသက် ၁၆ နှစ် အရွယ် အိမ်အကူမိန်းကလေးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲကာတိုင်တန်းခြင်းဖြစ်သည်ဟု ရဲမှတ်တမ်း တွင် တွေ့ရသည်။

အိမ်အကူ မိန်းကလေးသည် ပဲခူးမြို့၌နေထိုင်သော မိခင်ထံဖုန်းဆက်ခေါ်ပြီး မိခင်ဖြစ်သူ ရောက်လာမှသာ ထိုအမှုကို ရဲစခန်း၌ တိုင်တန်းခဲ့သဖြင့် အခင်းဖြစ်ပွားပြီး ငါးရက်ကြာမှ ရဲများက စတင်သိရှိခဲ့ရ သည်ဟု ရဲဌာနက ဆိုထားသည်။

မိန်းကလေး၏ ထွက်ဆိုချက်အရ အိမ်ရှင်အမျိုးသားသည် သူမကို နှစ်ကြိမ်တိုင် အဓမ္မကျင့်ခဲ့သည်ဟု ဆိုထားပြီး ၎င်းသည် မိခင်မလာမခြင်း အိမ်ရှင်၏ ယောက္ခမဖြစ်သူအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း ရဲထွက်ဆိုချက်များတွင် ဖော်ပြထားသည်။

ယင်းအမှုကိုလည်း ကမာရွတ်ရဲစခန်းက အမှုအမှတ်(ပ)၃၆၉/၂၀၁၃ဖြင့်
အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ အိမ်ရှင် အမျိုးသားကို စုံစမ်းရှာဖွေလျှက်ရှိရာ ဖမ်းမိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲ မည်ဟု ရဲဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ