ဆိုက်ကားသမားနှင့် အငှားကားသမား အချင်းများပြီး လူသတ်မှုဖြစ်

ဆိုက်ကားနင်းသူ တစ်ဦးကို အငှားကား ယာဉ်မောင်းတစ်ဦးက ဓားဖြင့်ထိုးလိုက်သည့် လူသတ်မှုတစ်ခု ဒေါပုံမြို့နယ်တွင် သြဂုတ် ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် ထားသည်။

ယင်းအမှုသည် ဒေါပုံမြို့နယ်၊ ၁-ဈေးကွေ့ ဆိုက်ကားဂိတ်တွင် ဆိုက်ကားနင်းသည့် လူငယ်တစ်ဦးက အခြားဆိုက်ကားနင်းသူ လူငယ်တစ်ဦးကို ၎င်းတို့ဂိတ်တွင် ဆိုက်ကားလာမနင်းရန် ပြောဆိုစဉ် နှစ်ဦး အချင်းများခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထိုသို့ ဆိုက်ကားနင်းသူနှစ်ဦး အခြေအတင် စကားများနေစဉ် အနီးရှိ အမည်မသိ အငှားကားယာဉ်မောင်း တစ်ဦးက “မင်းက ငါ့လမ်းထဲက ကလေးကို ဘာလို့အနိုင်ကျင့်တာလဲ”ဟု ပြောဆိုပြီး အရိုးခြောက် လက်မ၊ အသွား ၁၃ လက်မခန့်ရှိသည့် ဓားဖြင့် ဆိုက်ကားသမား လူငယ်တစ်ဦးကို ထိုးလည်းထိုး၊ ခုတ်လည်း ခုတ်ကြောင်း ရဲဌာနက ထုတ်ပြန်ချက်တွင်
ပါရှိသည်။

ထို့ကြောင့် ဆိုက်ကားနင်းသူ ကိုညီညီစိုးမှာ ၀မ်းဗိုက်၊ နောက်ကျော်နှင့် ဓားဒဏ်ရာတစ်ချက်စီရရှိခဲ့ပြီး ဦးခေါင်းငယ်ထိပ်တွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲများက သံသယရှိသူ ကိုဝင်းစိုးကို ဖမ်းဆီးခဲ့ပြီး ဒေါပုံမြို့နယ်ရဲစခန်းတွင် အမှုအမှတ် (ပ)၂၆၅/ ၂၀၁၃ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြသည်။

သံသယရှိသူကို ကနဦးက ပြင်းထန်စွာ နာကျင်စေမှုဖြင့် အမှုဖွင့်ခဲ့သော်လည်း ည ၈ နာရီအချိန်တွင် ဓားဖြင့် ထိုးခုတ်ခံရသည့် ကိုညီညီစိုးမှာ ဆေးရုံ၌ သေဆုံးသွားခဲ့သဖြင့် အမှုကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ တရားစွဲရန် ပြင်ဆင်ခဲ့သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ