စရောင်းတဲ့ ၇ နာရီအတွင်း ကမ္ဘာဖလား ဘောလုံးပွဲ လက်မှတ် တသန်းကုန်

ဘရာဇီး ကမ္ဘာဖလား ဘောလုံး လက်မှတ် အတွက် ရင်ခုန် နေသူ တဦး

ဘရာဇီးမှာ နောက်နှစ်ကျရင် ကျင်းပမယ့် ကမ္ဘာဖလား ဘောလုံးပွဲ လက်မှတ်တွေကို စရောင်းစဉ် ပထမ ၇ နာရီ အတွင်းမှာတင် သူတို့ ဝက်ဘ်ဆိုက်ထ် ပေါ်ကနေ လက်မှတ် ဝယ်လိုကြောင်း လျှောက်ထားသူ တသန်းကျော် ရှိတယ်လို့ ကမ္ဘာ ဘောလုံး အဖွဲ့ချုပ် ဖီဖာက ပြောပါတယ်။

ဝယ်လိုသူ အများစုဟာ ဘရာဇီး နိုင်ငံသားတွေ ဖြစ်ပေမယ့် အာဂျင်တီးနား ၊ အမေရိကန် ပြည်ထောင်စု ၊ ချီလီနဲ့ ဗြိတိန်က ဘောလုံး ဝါသနာအိုးတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ ကစားမယ့် ဖွင့်ပွဲနဲ့ ရီယိုဒီ ဂျနဲရိုးမြို့က မာရာကားနား ဘောလုံးကွင်းမှာ ကစားမယ့် ဗိုလ်လုပွဲတွေဟာ လူကြိုက် အများဆုံး ပွဲစဉ်တွေ ဖြစ်ပါတယ်။

ဘောလုံး ဝါသနာ အိုးတွေ အနေနဲ့ အောက်တိုဘာ ၁ဝ ရက်နေ့ အထိ ပွဲစဉ် လက်မှတ်တွေကို အွန်လိုင်းကနေ ဝယ်ယူနိုင်ကြောင်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ