ဂျက်စတင် ဘီဘာက DJ ကို တံတွေးနှင့်ထွေးဟုဆို


ကနေဒါ ဆယ်ကျော်သက် Popဂီတ ကြယ်ပွင့်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အရက်ဘား တစ်ခုတွင် လူတစ်ဦးနှင့် အချင်းများခဲ့ကြောင်း ကောလာဟလများလည်း ပျံ့နှံ့နေသည် ။

ဂျက်စတင် ဘီဘာအနေဖြင့် နိုက်ကလပ် တစ်ခုထဲတွင် DJကို တံတွေးနှင့် ထွေးခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။ ကနေဒါ ဆယ်ကျော်သက် Popဂီတ ကြယ်ပွင့်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အရက်ဘား တစ်ခုတွင် လူတစ်ဦးနှင့် အချင်းများခဲ့ကြောင်း ကောလာဟလများလည်း ပျံ့နှံ့နေသည်။ ဘီဘာကို ထိုသူက ဓာတ်ပုံရိုက်ရာမှ အချင်းများခဲ့ပြီး ပြဿနာ ကြီးထွားသွားခြင်းဟု သိရသည်။ "အဲဒီတော့ ဘီဘာက ကျွန်တော့်အဖေကို၊ ကျွန်တော့်အမေကို မဖွယ်မရာ ပြောတယ်။ ကျွန်တော့်ကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း တိုင်းထွာတယ်။ ပြီးတော့ မျက်နှာကိုပါ တံတွေးနဲ့ လှမ်းထွေးတယ်"ဟု ကိုလံဘတ်စ်ရှိ ပန်းခြံလမ်းမှ Socail Room ကလပ်တွင် DJအဖြစ် လုပ်ကိုင်သူက ပြောကြားခဲ့သည်။

၎င်းက "ဘီဘာရဲ့ လူနှစ်ယောက်က ကျွန်တော့်နားကို ကပ်လာတယ်။ ပြီးတော့ ကျွန်တော်က ဘီဘာကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားတယ်လို့လည်း စွပ်စွဲတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ယင်းက ဘီဘာသည် ကလပ်အတွင်းသို့ ရောက်ရှိခဲ့သည်ကို ဘီဘာက စိုးရိမ်နေဟန်ရှိပြီး ဘီဘာ့အသက်မှာ (၁၉)နှစ်၊ ကလပ်တွင် ထားရှိသော အသက်ကန့်သတ်ချက်မှာ (၂၁)နှစ်အထက် ဖြစ်နေကြောင်းလည်း ရှင်းပြခဲ့သည်။

ဘီဘာ၏ ကိုယ်ရံတော် တစ်ဦးက မိမိ၏ ဖုန်းကို ဆွဲလုကာ ဓာတ်ပုံကို ရှာဖွေသော်လည်း မည်သည့်အရာမျှ မတွေ့ခဲ့ဟုလည်း ယင်းက ဆိုသည်။ ဘီဘာသည် မကြာသေးမီက ရိုင်းပြသော အပြုအမူများအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူလည်း ဖြစ်သည်။ ၎င်းသည် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ကို ဆဲရေးခဲ့သလို လူသွားလမ်းပေါ်ရှိ အမှိုက်ပုံးတစ်ခုကို အပေါ့သွားနေသည့် ဓာတ်ပုံများကြောင့်လည်း နာမည်ပျက်စရာ ဖြစ်လာခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ