အာဆင်နယ် ကို အားပေးတဲ့ ဗီယက်နမ် လူငယ် နိုင်ငံကျော်သွား

ဗီယက်နမ်က ဘောလုံး ဝါသနာအိုး အာဆင်နယ် အသင်းသား တွေနဲ့ တွေ့ဆုံ
အာရှ နိုင်ငံတွေ မှာ ချစ်ကြည်ရေး ဘောလုံးပွဲတွေ လှည့်ကစားရင်း အာဆင်နယ် ဘောလုံး အသင်း သားတွေ ဗီယက်နမ်မှာ ရောက်ရှိ နေစဉ် ဟနွိုင်း မြို့ကို လှည့်လည် ကြည့်ရှု နေတဲ့ ဘတ်စ်ကား ဘေးကနေ လမ်းတလျှေက် ပြေးလိုက်သွား ခဲ့တဲ့ အာဆင်နယ် အသင်း အားပေးသူ ဗီယက်နမ် လူငယ် တစ်ယောက်ကို နည်းပြနဲ့ ဘောလုံး သမားတွေက ကားပေါ် ဖိတ်ပြီး ရင်းရင်း နှီးနှီး နှုတ်ဆက် ခဲ့ကြ ပါတယ်။

သူ့ကို အခုလို ဖိတ်ခေါ် တွေ့ဆုံတဲ့ အတွက် အလွန် ဝမ်းသာအားရ ဖြစ်မိတယ်လို့ အသက် ၂၀ အရွယ် ဗူရွှန်တီယန်း Vu Xuan Tien က ပြောပါတယ်။

အာဆင်နယ် ဘောလုံး အသင်း အင်္ကျီကို ဝတ်ပြီး ၈ ကီလို မီတာ လောက်ကားဘေး ကနေ လိုက်ပြေးခဲ့တဲ့ ဗူရွှန်တီယန်းဟာ ဗီယက်နမ် နိုင်ငံမှာ အပြေးသမား တစ်ယောက် အဖြစ် နာမည်ကြီး သွားခဲ့ပါတယ်။

အာဆင်နယ် ကလပ် အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ဗီဒီယို မှာတော့ ဘောလုံးသမားတွေ အားပေး ကြိုဆိုခဲ့ကြပုံတွေနဲ့ သူ့ကို ကားပေါ်ခေါ်ပြီး သူ့ရဲ့ ဘောလုံး အင်္ကျီပေါ်မှာ လက်မှတ်ထိုးပေး နေပုံ တွေကို တွေ့ရ ပါတယ်။

ဗူရွှန်တီယန်း ကတော့ သူ့ တသက်လုံး အာဆင်နယ် အသင်းကို တောက်လျှောက် အားပေး လာတာ ဖြစ်ပြီး သူအားကျတဲ့ ဒီဘောလုံး အသင်းသားတွေကို တွေ့ခွင့်ရဖို့ စိတ်အား ထက်သန် ခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ