ဇာတ်ကြမ်းကားများ ပိုမို ရိုက်ကူးသွားမည်ဟု ဟိန်းဝေယံဆို


ရန်ကုန်၊ ဇူလိုင် ၇

ခပ်အေးအေး ဇာတ်ကောင်စရိုက်တွေနဲ့သာ အတွေ့ရများလေ့ရှိတဲ့ သရုပ်ဆောင် ဟိန်းဝေယံက ပရိသတ်တွေအတွက် ဇာတ်ကြမ်းကားတွေကို ပိုမို ရိုက်ကူးသွားမယ်လို့ The Voice ကို ပြောပါတယ်။

ဇာတ်ကြမ်းကားများ ရိုက်ကူးဖို့ စိတ်ကူးဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီးတော့လည်း ဟိန်းဝေယံက “သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့အတွက် ဇာတ်ကောင် စရိုက်မျိုးစုံမှာတော့ ကျွန်တော် သရုပ်ဆောင်ချင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဇာတ်ကြမ်းကားတွေ ပိုပြီးရိုက်ချင်နေ တယ်။ ကျွန်တော်က ရှေ့မှာ Drama၊ Fancy နဲ့ Romance ကားတွေ ရိုက်တာ များခဲ့တယ်။ ဇာတ်ကြမ်းတွေတော့ ရိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နည်းတယ်။ အခု ကျွန်တော် ဇာတ်ကြမ်းကားတွေ ရိုက်ဖို့ စီစဉ်ထားတာ အများကြီးပဲ။ ဇာတ်လမ်း တစ်ခုဆို လုံးဝ ဇာတ်ကြမ်းပဲ။ အဲဒါကို ဇာတ်ညွန်းရေးဆရာကို အပ်ထားတယ်။ ဒါရိုက်တာကိုလည်း ပြောထားပြီးပြီ။ ကျွန်တော်လိုချင်တဲ့ ပုံစံမျိုးရတာနဲ့ အမြန်ဆုံး ရိုက်ကူးဖြစ်မှာပါ” လို့ ပြောပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်း လက်ထက်မှာ ဟိန်းဝေယံတို့ အဖေ ပိုင်ဆိုင်တဲ့ မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ဇာတ်ကားများကို ဆင်ဆာကြည့်ရှုမှု တစ်နှစ် ပိတ်ပင်ထားတဲ့အတွက် အခုလက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်ကားတွေကိုတော့ သူတို့မိသားစုပိုင် အခြားထုတ်လုပ်ရေး အမည်တွေနဲ့ပဲ ရိုက်ကူးနေတာဖြစ်တယ်လို့ ဟိန်းဝေယံက ပြောပါတယ်။

ဇာတ်ကား ရိုက်ကူးမှုတွေ နှစ်လကြာ နားထားပြီးတဲ့နောက် ပြန်လည် ရိုက်ကူးတဲ့အချိန်မှာ ဟိန်းဝေယံ က သရုပ်ဆောင် ဝတ်မှုန်ရွှေရည်နဲ့ ဗီဒီယို နှစ်ကား၊ စိုးပြည့်သဇင်နဲ့ ဗီဒီယို နှစ်ကား ရိုက်ကူးပြီးသွားပြီ ဖြစ်ပြီး လတ်တလောမှာလည်း ဒါရိုက်တာ သီဟကျော်စိုး၊ သရုပ်ဆောင် ခိုင်သင်းကြည်တို့နဲ့ ဖာဆိုလာ ဆိုတဲ့ ဗီဒီယို ကားလေး ရိုက်နေပါတယ်လို့ သူက ဆိုပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ