အသက်၂၀အရွယ် ဘရာဇီး အဆိုတော် Stage Showတွင် သေကြောင်း ကြံစည်

ဘရာဇီး နိုင်ငံ အတွက်တော့ ကံမကောင်းတဲ့ သီတင်းပတ်လို့ တင်စားရမယ့် သီတင်းပတ်ဖြစ်ပြီး နိုင်ငံ အတွင်းမှာ ပထမဆုံး ဘောလုံးဒိုင်တစ်ယောက် နဲ့ ဘောလုံး ကစားသမားတစ်ယောက်တို့ Sordid Fashoinမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု ဖြစ်ပွားပြီး တစ်ပတ် မပြည့်သေး ခင်မှာပဲ အသက်နှစ်ဆယ် အရွယ် တက်သစ်စ Rapအဆိုတော် တစ်ယောက်ဖြစ်သူ MC Dalesteဟာ Stage Showတစ်ခုမှာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်ပြီး သေကြောင်းကြံစည်သွားတယ်လို့ သိရပါတယ်။

MC Dalesteရဲ့ နာမည်ရင်းကတော့ Daniel Pellegrineဖြစ်ပြီးတော့ သီချင်းဆိုပြီး နောက်ပိုင်း သေကြောင်း ကြံစည်သွားတာ ဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ Pellegrineကို နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးပေးပို့ ကုသခဲ့သော်လည်း နာရီပိုင်း အကြာမှာ သေဆုံး သွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာကြောင့် သေကြောင်း ကြံစည်မှု ဖြစ်ပေါ်တယ် ဆိုရတဲ့ အကြောင်းကိုတော့ မည်သူကမျှ ထင်မြင်ချက် မပေးသေးကြောင်း သိရပါတယ်။

Pellegrineဟာ ဘရာဇီးမှာတော့ အောင်မြင်မှု ရရှိနေတဲ့ လူငယ် အဆိုတော် တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင် Facebookတွင် Likesလုပ်သူပေါင်း ၉၃,၀၀၀ကျော်နဲ့ Twitterမှာလည်း Followerပေါင်း ၈၈,၀၀၀ကျော် ရှိကြောင်း ဆိုပါတယ်။ နောက်ပြီး Pellegrineသေကြောင်းကြံတဲ့ မြင်ကွင်းကို အဆိုပါ Stage Showတွင် ရှိနေသူတစ်ယောက် Videoနဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး တစ်မိနစ်နဲ့ ၅စက္ကန့်လောက်သာ ကြာမြင့်တဲ့ Video Fileကို Onlineတွင် တင်ထားရာ ယခုအချိန်အထိ ၀င်ရောက် ကြည့်ရှုသူပေါင်း ၄သန်းကျော် နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref : www.businessinsider.com
Myanmar ICT ·

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ