ဖီအိုရင်တီးနားသို့ ဂိုမက်ဇ် ပြောင်းရွှေ့ရန် သေချာဟု ဘိုင်ယန် အတည်ပြု


မြူးနစ်၊ ဇူလိုင် ၈

ဘိုင်ယန်မြူးနစ်အသင်းသည် အသင်း၏ တိုက်စစ်မှူး မာရီယိုဂိုမက်ဇ်ကို ဖီအိုရင်တီးနားအသင်းသို့ ရောင်းချတော့မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဂျာမန် လက်ရွေးစင် ကစားသမား ဂိုမက်ဇ်သည် အသင်းဖော် လူငယ် တိုက်စစ်မှူး မန်ဇူကစ်ဇ် ပြီးခဲ့သည့် ရာသီက ဘိုင်ယန်အသင်း အတွက် ခြေစွမ်းပြ ကစားနေမှုကြောင့် ပထမ ပွဲထွက် လူစာရင်းအတွက် ရုန်းကန်ခဲ့ရသည့် ကစားသမားလည်း ဖြစ်သည်။

၎င်း၏ အပြောင်းအရွှေ့ကို နှစ်ရက်အတွင်း ကြေညာနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်ထိ ဘိုင်ယန်အသင်း အမှုဆောင် အရာရှိ ကာလ်ဟိန်ဇ်နှင့် ဖီအိုရင်တီးနားအသင်း ဥက္ကဋ္ဌ ဒယ်လာဖယ်လီတို့ စာချုပ် အချော သတ်ရန် ကြိုးစားနေပြီဖြစ်သည်။

ဘိုင်ယန် အမှုဆောင် အရာရှိက “ဒီအပြောင်းအရွှေ့ဟာ ဂိုမက်ဇ်ရဲ့ ဆန္ဒဖြစ်ပါတယ်။ သူ့အနေနဲ့ အီတလီမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေး ပါတယ်။ သူအသင်းမှာရှိစဉ် စွမ်းဆောင်ခဲ့မှုတွေ အတွက် ကျေးဇူး အထူး တင်ပါတယ်” ဟု ဆိုခဲ့သည်။

ဂိုမက်ဇ်သည် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြိုင်ဘက် စတုဂတ် အသင်းထံမှ ၂၀၀၉ ခုနှစ်က ပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေ့ရာတွင် ဘွန်ဒက်စ် လီဂါ၌ ဈေးအကြီးဆုံး အပြောင်းအရွှေ့အဖြစ် စံချိန်တင် နိုင်ခဲ့သော်လည်း ယခု အပြောင်းအရွှေ့တွင် The Gold အားကစား ဝက်ဘ်ဆိုက် ၌ ဈေးနှုန်း ဖော်ပြထားခြင်း မရှိခဲ့ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်ကစ၍ အသင်းသို့ ရောက်ရှိခဲ့သည့် ထိုကစားသမားသည် အသင်းအတွက် ၁၇၄ ပွဲ ကစားခဲ့ပြီး ၁၁၃ ဂိုးအထိ သွင်းကာ ခြေစွမ်းပြ ခဲ့သော်လည်း ပြီးခဲ့သည့် ရာသီက ရှစ်ပွဲသာ ပွဲထွက် ကစားခဲ့ရသဖြင့် အသင်း ပြောင်းရွှေ့ခြင်း ဖြစ်သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ