နာဂ ရုပ်ရှင်ဇာတ်ကားတွင် ရွေးချယ်ခံရသည့်အတွက် ဂုဏ်ယူကြောင်း မာရီနာ ပြောကြား


ရန်ကုန်၊ ဇူလိုင်၉

မော်ဒယ်လ် လောကမှာ ဆွဲဆောင်မှုရှိပြီး ညှို့အားပြင်းတယ်လို့ ဆိုကြတဲ့ မော်ဒယ်လ်တစ်ယောက် အဖြစ် ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ နာဂ တိုင်းရင်းသူ မာရီနာက ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမယ့် နာဂ လူမျိုးများအကြောင်း ရုပ်ရှင် ဇာတ်ကားမှာ အဓိကသရုပ်ဆောင်နေရာကနေ ပါဝင်ဖို့ အရွေးချယ် ခံထားရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ The Voice ကို ပြောပါတယ်။

“ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့အတွက် နာဂ လူမျိုး အကြီးအကဲတွေနဲ့ မကြည်ဖြူသျှင်တို့ တိုင်ပင်ပြီး ညီမကို ရွေးလိုက်တယ်ဆိုတာ သိရတော့ အရမ်း ဝမ်းသာသွားပါတယ်။ ညီမက တန့်ရှန်း နာဂလူမျိုးပါ။ မြန်မာနိုင်ငံ မှာက နာဂ လူမျိုး ၉၀ ကျော်လောက် ရှိတယ်။ ကမ္ဘာကသိတာက အိန္ဒိယ ဘက်က နာဂတွေကိုပဲ သိကြတယ်။ မြန်မာနိုင်ငံမှာ နာဂ ရှိတယ်ဆိုတာ သိပ်မသိကြဘူး။ ကိုယ်တိုင်က နာဂ လူမျိုးတစ်ယောက် ဖြစ်တဲ့အတွက် ကိုယ့်လူမျိုးတွေရဲ့ ဓလေ့စရိုက်တွေ၊ ယဉ်ကျေးမှုတွေကို ဒီဇာတ်ကားလေး မှာ ဖော်ထုတ် ပြသခွင့်ရမှာ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီဇာတ်ကား ရိုက်ပြီး သွားရင်တော့ နာဂ လူမျိုးစုတွေရဲ့ အကြောင်းကို တော်တော် များများ သိသွားကြမယ်လို့ထင်ပါတယ်။ ဒီနှစ်မကုန်ခင်လောက်တော့ စရိုက်ဖြစ်မယ်လို့ ပြောတယ” လို့ မာရီနာက ထပ်လောင်း ပြောပြပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ ဒါရိုက်တာ မီးပွား ရိုက်ကူးပြီး စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့ ဧဒင်ရဲ့ နတ်သမီး များ ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာ ခရစ္စတီးနားဦး ရိုက်ကူးပြီး နိုင်းနိုင်းနဲ့အတူ သရုပ်ဆောင်ရတဲ့ The Chat Room ဗီဒီယို ဇာတ်ကားတွေမှာ သရုပ်ဆောင်နေတာပါ။

ဗီဒီယို ဇာတ်ကား ခုနစ်ကားမှာ ပါဝင် သရုပ်ဆောင်ပြီးပြီဆိုတဲ့ မာရီနာက ဇာတ်ကားတွေ ရိုက်ဖို့ ကမ်းလှမ်းတဲ့အခါမှာ ဒါရိုက်တာတွေက Facebook ပေါ်က သူ့ရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး sexy ဆန်တဲ့ ဇာတ်ကောင် နေရာတွေမှာ သရုပ်ဆောင်ဖို့ ငှားရမ်းတာ များနေပေမယ့် မတူ ကွဲပြားတဲ့ ဇာတ်ကောင် စရိုက်တွေမှာပါ သရုပ်ဆောင်ချင်ကြောင်းလည်း ဆိုပါသေးတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ