အနုပညာရှင်ဖြစ်ရန် မိခင်နှင့်ဆန့်ကျင်ကာ အိမ်ပေါ်မှဆင်းခဲ့ဖူးကြောင်း ဂျေ လို ပြောကြား


ဂျနီဖာ လိုပက်ဇ်က မိမိသည် အနုပညာသည် ဘဝကို ခံယူခွင့်ရရေးအတွက် အိမ်ခြေရာမဲ့ ဘဝကို ခေတ္တ ဖြတ်သန်းဖူးကြောင်း ထုတ်ဖော် ဝန်ခံခဲ့သည်။ အသက်(၄၃)နှစ်ရှိ အဆိုတော် မင်းသမီးသည် ယခုအခါ ဟောလီးဝုဒ် ၏ ရွှေကြယ်ပွင့် တစ်ဦးအဖြစ် ရပ်တည်နေသော်လည်း ငယ်စဉ်ကမူ အနုပညာ အလုပ်အတွက် မိခင်ဖြစ်သူကို တိုက်ပွဲဝင်ခဲ့ရကြောင်း ဆိုသည်။

သူမ၏ မိခင်က မကြည်ဖြူသဖြင့် ဂျနီဖာသည် နေအိမ်မှ ထွက်ခွာလာကာ စတူဒီယိုတွင် ညအိပ်ရသည့် အိမ်ခြေရာမဲ့ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။ Wမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဂျနီဖာက "ကျွန်မ အမေနဲ့ ပြဿ နာ တော်တော် တက် ခဲ့တာ။ ကျွန်မက ကောလိပ်မသွားချင်ဘူး။
ကျွန်မက အချိန်ပြည့် ကချင်နေတဲ့သူမျိုး မဟုတ်လား"ဟု ဆိုသည်။

သူမက "ကျွန်မရဲ့ ဆန္ဒကို အမေက လက်မခံတော့ ကျွန်မတို့ချင်း သီးခြားဖြစ်သွားတယ်။ အကစတူဒီယို တစ်ခုက ဆိုဖာမှာ ကျွန်မ ညအိပ်ခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်မ အိမ်ခြေရာမဲ့ ဖြစ်ခဲ့တာပေါ့။
ဒါပေမဲ့ ကျွန်မ အမေကို ပြောတယ်။ ဒါဟာ ကျွန်မ လုပ်ကိုလုပ်မယ့် အရာပဲလို့။ လနည်းနည်းကြာတော့ ဥရောပမှာ အကအတွက် အလုပ်
တစ်ခု စရတယ်။ နောက်တော့ ကျွန်မ နာမည်လေးရလာတယ်။

လော့စ်အန်ဂျလိစ်ကို ပြောင်းခဲ့တယ်။ ဒါတွေအားလုံး တစ်နှစ်လောက် အချိန်အတွင်းမှာ ပြောင်းလဲလာတာပါပဲ"ဟုလည်း ပြောကြားခဲ့သည်။

သူမက လော့စ်အန်ဂျလိစ်တွင် အစပိုင်း အခြေမကျခဲ့ဟုလည်း ဝန်ခံသည်။ "လော့စ်အန်ဂျလိစ်ကို ကျွန်မမုန်းမိခဲ့တယ်။ လူတွေက လမ်းမထွက် ဘူး။ နို့တစ်ဘူးဝယ်ဖို့ လိုက်မေးနေရတယ်။ ခုတော့ ကျွန်မ ပျော်နေပါပြီ"ဟုလည်း ဂျနီဖာက ဖွင့်ဟသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ