ဟန်နီးမွန်းခရီးထွက်နေသည့် အက်ဗရာလက်ဂ်ဗင်းစုံတွဲ


အက်ဗရာလက်ဂ်ဗင်းသည် အသစ်စက်စက် ခင်ပွန်းသည် ချက်ဒ်ကရူဂါနှင့်အတူ အီတလီတွင် ဟန်းနီးမွန်းခရီး သွားရောက်နေကြောင်း သိရှိရသည်။ အနက်ရောင် သတို့သမီး ဝတ်စုံနှင့် Gothicဆန်ဆန် မင်္ဂလာဆောင်ခဲ့သော အက်ဗရာသည် Nickelback အဖွဲ့မှ ချက်ဒ်နှင့် ပြင်သစ်တွင် မင်္ဂလာဆောင်ခဲ့ခြင်း ဖြစ်သည်။

အသက်(၂၈)နှစ်ရှိ အက်ဗရာသည် ယခုအခါတွင် အီတလီ၌ အေးအေးလူလူ အနားယူရင်း ပျော်ရွှင်နေကြောင်း သတင်းများက ဆိုသည်။ အက်ဗရာတို့၏ ရှေးခေတ် ရဲတိုက်ကြီးတွင် ပြုလုပ်သော မင်္ဂလာပွဲ အယ်လ်ဘမ်ကို Hello! မဂ္ဂဇင်းက ထုတ်ဝေခွင့် ရခဲ့သည်။ ကနေဒါ Popဂီတစတား အဆိုတော်မလေးက သူမ၏ Gothic ရိုးရာဟန်ကို စွဲလန်းမှုကြောင့် ယခုလို မင်္ဂလာပွဲ နွှဲခဲ့ခြင်းဟု ရှင်းပြခဲ့သည်။

ချက်ဒ်ကလည်း "ကျွန်တော့် ဧည့်သည်တွေကို ထူးထူးဆန်းဆန်း ခရီးလို အတွေ့အကြုံ ဖြစ်စေချင်တယ်။ သူတို့ တစ်ဘဝလုံး ဒီမင်္ဂလာပွဲကို အမှတ်ရနေတော့မယ်"ဟု ရယ်မော ပြောဆိုခဲ့သည်။

၎င်းတို့စုံတွဲသည် ယခုအခါ ပေါ်တိုဖီနိုတွင် ဟန်းနီးမွန်း အလည်အပတ်ခရီး သွားရောက်နေကြသည်။ အက်ဗရာနှင့် ချက်ဒ်တို့သည် ဟိုတယ်တွင် အတူထိုင်ရင်း ကျီစယ်ပျော်မြူးနေသည်ကိုလည်း တွေ့ရသည်။ ယင်းတို့နှစ်ဦးသည် (၂၀၁၂)ခုနှစ်၊ နွေရာသီက စတင် သိကျွမ်းခဲ့ပြီးနောက် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ