ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံပွဲ ခိုက်ရန်ဖြစ်ပွား
မန္တလေး၊ ဇူလိုင် ၂၃
မန္တလေးမြို့ ဗထူးအားကစားကွင်း တွင် ယနေ့ညနေပိုင်း က ရန်ကုန်ယူနိုက်တက် အသင်းနှင့် မန္တလေးအခြေစိုက် ရတနာပုံ အသင်းတို့၏ ဒုတိယအကျော့ ပွဲစဉ်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရန်ကုန် ယူနိုက်တက် အသင်းကို လိုက်ပါအားပေးသော ပရိတ်သတ်များမှာ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြောင်း အဆိုပါ ကွင်းအတွင်းသို့ ရောက်ရှိနေသူ The Voice သတင်းထောက်က သတင်းပေးပို့သည်။
ဒုတိယပိုင်း စတင်ပြီး ၁၅မိနစ်အကြာတွင် အထူးတန်း ပွဲကြည့်စင်တွင် ရန်ကုန် ယူနိုက်တက် အသင်းကို လိုက်ပါအားပေးသော ပရိတ်သတ်များက ဆဲဆိုသည်ဟုဆိုကာ မန္တလေး အခြေစိုက် ရတနာပုံ အသင်းကို အားပေးသူများက ရေဗူးများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း ၎င်းက ဆက်လက် သတင်းပေးပို့သည်။
မြန်မာနေရှင်နယ်လိဂ် စတင်ခဲ့သည့် ၂၀၀၉ခုနှစ်မှ ပါဝင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ အသင်းတို့မှာ MNL အမှတ်ပေး ပြိုင်ပွဲတစ်လျှောက် ကိုးကြိမ် တွေ့ဆုံခဲ့ရာတွင် ရန်ကုန်အသင်းက
လေးကြိမ် အနိုင်ရထားပြီး ရတနာပုံအသင်းက တစ်ကြိမ်သာ အနိုင်ရထား သည့်အတွက် ရန်ကုန်ယူနိုက်တက်က အသာစီးရထားသည်ဟု ဆိုနိုင်သော်လည်း နောက်ဆုံး တွေ့ဆုံမှု သုံးပွဲဆက်တိုက်မှာ သရေပွဲများဖြင့် အဆုံးသတ်ခဲ့ရာ ယခုပြိုင်ပွဲ တွင်လည်း ထပ်မံ သရေကျခဲ့သည်။
The Voice Weekly
မန္တလေး-ဇူလိုင်၂၃ ယနေ့ မန်း ဗထူးကွင်းတွင်ကျင်းပသောMyanmar National League တွင်
ရတနာပုံ (၁-၁) ရန်ကုန် ဖြင့် သရေကျသွားကြောင်း သိရသည်။ အီနာမာ (၆ မိနစ်) - ရတနာပုံနှင့် စည်သူအောင်( ၇၀) မိနစ် - ရန်ကုန် တို့က အသီးသီးဂိုးသွင်းယူ ခဲ့ခြင်းဖြစ်သည်။ ဓါတ်ပုံ- Popular Myanmar News Journal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin