ကျူးပစ်ရဲ့ကျေးကျွန်များ၌ ဖွေးဖွေး ဂေါက်သီးပုံစံ သရုပ်ဆောင်မည်


ရန်ကုန်၊ ဇူလိုင် ၂၂

ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့ ပါဝင်သရုပ်ဆောင်ခဲ့သော အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ် ရုပ်ရှင်ဇာတ်ကား၏ နောက်ဆက်တွဲအဖြစ် ရိုက်ကူးမည့် ‘ကျူးပစ် ရဲ့ ကျေးကျွန်များ’ ရုပ်ရှင်ဇာတ်ကားတွင် ဂေါက်သီးပုံစံ (ရူးပေါပေါ) သရုပ်ဆောင်ရမည်ဟု သရုပ်ဆောင်ဖွေးဖွေးက The Voice သို့ ပြောကြားသည်။

“ဒီဇာတ်ကားမှာ ဖွေးရဲ့ပုံစံက ဂေါက်သီးပေါ့။ လက်ပံမှာ သရုပ်ဆောင်ထားတဲ့ ပုံစံနဲ့တော့ မတူဘူး။ ဖွေးထင်တာတော့ လက်ပံထဲက ဇာတ်ကောင်ရဲ့ပုံစံက နည်းနည်းစိတ်ကူးယဉ် ဆန်တယ်။ အပြင်မှာ မရှိနိုင်ဘူး။ ကျူးပစ်ရဲ့ ကျေးကျွန်များမှာ သရုပ်ဆောင်ရမယ့် ပုံစံကတော့ အပြင်မှာရှိနိုင်တယ်။ ဇာတ်လမ်းပုံစံကတော့ အချစ်ကားလေးပါပဲ။ ဒီဇာတ်ကားက ၂၀၁၄ ခုနှစ် ၁ လပိုင်းမှာ ရိုက်မယ်” ဟု ဖွေးဖွေးက ဆိုသည်။

‘ကျူးပစ်ရဲ့ကျေးကျွန်များ’ ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းကလည်း ယခုဇာတ်ကား၏ ဇာတ်လမ်းကို အင်ကြင်းဟန်က ရေးသားပေးထားပြီး နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း၊ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ် ဇာတ်ကား၏ အောင်မြင်မှုကြောင့် နောက်ဆက်တွဲအဖြစ် ရိုက်ကူးသော ဇာတ်ကားဖြစ်သော်လည်း အောင်မြင်မည်ဟု ပြော၍မရဘဲ၊ ဘောလုံးသမားများ စကားအတိုင်းဆိုပါက ပထမပွဲတွင် ဂိုးပြတ် နိုင်ထားသော်လည်း နောက်ပွဲအတွက် ထပ်မံကြိုးစားရမည်ပင် ဖြစ်ကြောင်း ပြောကြားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ