စပိန်နွားရိုင်းပွဲတွင် အမျိုးသားများနှင့် အပြိုင် ဝင်နွှဲသည့် အမျိုးသမီး နွားဝှေ့ခံရ



အသက်(၂၃)နှစ်ရှိ ဩစတြေးလျ နိုင်ငံသူ တစ်ဦးသည် စပိန်နိုင်ငံ၊ ပမ်ပလိုနားတွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ဆမ်ဖာမင် ပွဲတော်တွင် အမျိုးသားများနှင့်အပြိုင် ဝင်နွှဲရင်း နွားချိုဖျားတွင် ပါသွားခြင်း ဖြစ်သည်။

စပိန်နိုင်ငံတွင် ကျင်းပပြုလုပ်လေ့ရှိသည့် နာမည်ကျော် နွားရိုင်းရှေ့ ဖြတ်ပြေးပွဲတွင် အမျိုးသမီး တစ်ဦး နွားဝှေ့ခံရသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အသက်(၂၃)နှစ်ရှိ ဩစတြေးလျ နိုင်ငံသူ တစ်ဦးသည် စပိန်နိုင်ငံ၊ ပမ်ပလိုနားတွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ဆမ်ဖာမင် ပွဲတော်တွင် အမျိုးသားများနှင့်အပြိုင် ဝင်နွှဲရင်း နွားချိုဖျားတွင် ပါသွားခြင်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း များစွာမှ လူအများသည် ဆမ်ဖာမင် ပွဲတော်တွင် ဒေါသတကြီး ပြေးလွှားနေသည့် နွားရိုင်းများရှေ့ ပြေးလွှားကာ မိမိတို့၏ သတ္တိကို ပြသလေ့ ရှိသည်။ ယခုအမျိုးသမီးသည် နွားဝှေ့သည့် ဒဏ်ရာကြောင့် အဆုတ်တွင် ဒဏ်ရာရသွားပြီး နံရိုးအချို့လည်း ကျိုးသွားခဲ့ကြောင်း သိရှိရသည်။

ဆေးရုံမှ ဆရာဝန်များသည် အမျိုးသမီးအတွက် အရေးပေါ် ခွဲစိတ် ကုသမှု တစ်ခုကို ပြုလုပ်ပေးခဲ့ရသည်။ ဆန်ဖာမင် ပွဲတော်သည် ကျင်းပပြုလုပ်တိုင်း လူအများ ဒဏ်ရာရ၊ သေဆုံးမှုများနှင့် ကြုံရတတ်သည့် ပွဲတော်တစ်ခု ဖြစ်သည်။ တနင်္ဂနွေနေ့က ပွဲတော် နောက်ဆုံးနေ့ ကျင်းပမှုတွင် စပိန်နိုင်ငံသား (၃)ဦးနှင့် အမေရိကန် (၁)ဦးလည်း ဒဏ်ရာများ ရရှိခဲ့သေးသည်။ ယင်းပွဲတော်ကို (၁)ပတ်ကြာ ပြုလုပ်လေ့ရှိသည်။ စနေနေ့ကမူ တန်ဝက်မျှ ကိုယ်အလေးချိန် ရှိသည့် နွားကြီးများ၏ လက်ချက်ကြောင့် လူ(၂၃)ဦး ဆေးရုံ ရောက်ခဲ့ပြီး ယင်းကိစ္စတွင် ရဲတပ်ဖွဲ့၏ တာဝန်ပျက်ကွက်မှု ပါဝင်နေသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။

နွားရိုင်းများ ပြေးလွှားသည့် လမ်းကြောင်း ဘေးဘက်တွင် စည်းရိုးများ ကာရန်ထားပြီး နွားများရှေ့ ဖြတ်ပြေးသူများ လွတ်မြောက်အောင် ပြေးဝင်နိုင်ရန် ဂိတ်တံခါးများ စီစဉ်ပေးထားရသော်လည်း ရဲတပ်ဖွဲ့သည် ဂိတ်တံခါး တစ်ခုကို ဖွင့်လှစ်ထားရန် မေ့လျော့ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သောကြာနေ့ကမူ အမေရိကန်တစ်ဦး သရက်ရွက် စုတ်ပြဲသွားသဖြင့် ခွဲစိတ် ကုသခဲ့ရသေးသည်။ နှစ်ပေါင်း (၁၀၀)ကျော် တည်တံ့ခဲ့သည့် ပွဲတော်တစ်လျှောက် မှတ်တမ်းများအရ အသေအပျောက် (၁၄)ဦးထိ ရှိခဲ့ဖူးပြီး နောက်ဆုံး သေဆုံးသူမှာ (၂၀၀၉)ခုနျစ်က အသက်(၂၇)နှစ်အရွယ် စပိန်သား တစ်ဦးဖြစ်ပြီး လည်ပင်းတွင် နွားချိုစိုက်သွားခြင်း ဖြစ်သည်။ ယခုနွားရိုင်းများကို ပြေးလမ်းအဆုံးတွင် ရှိနေသည့် သတ်ကွင်းထဲ ဦးတည် မောင်းသွင်းပြီး ယင်းနေရာတွင်မူ နွားရိုင်းသတ်သမားများက လှံဖြင့်ထိုးကာ သတ်ဖြတ်ပစ်လေ့ရှိကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ