ပင်လယ်ကြမ်းပြင်သို့ ရေငုပ်သင်္ဘောဖြင့် ဆင်းသက်ခဲ့သည့် ရုရှားသမ္မတ ပူတင်



စွန့်စားမှု စတန့်များတွင် ဝါသနာကြီးသူ တစ်ဦးအဖြစ် သတ်မှတ်ခံရသည့် ပူတင်သည် (၁၈၆၉)ခုနှစ်က ဖင်လန်ပင်လယ်ကွေ့၌ နစ်မြုပ်သားသော ဖရီးဂိတ် သင်္ဘောတစ်စင်းအား ရှာဖွေမှု လုပ်ငန်းစဉ်၌ ကိုယ်တိုင် ပါဝင်လေ့လာခဲ့ခြင်း ဖြစ်သည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် သင်္ဘောပျက်တစ်စင်း ရှာဖွေမှုတွင် ဘောလ်တစ်ပင်လယ် ကြမ်းပြင်ထိ ရေငုပ်သင်္ဘော တစ်စင်းဖြင့် ဆင်းသက်ငုပ်လျှိုးခဲ့ကြောင်း သိရှိရသည်။ စွန့်စားမှု စတန့်များတွင် ဝါသနာကြီးသူ တစ်ဦးအဖြစ် သတ်မှတ်ခံရသည့် ပူတင်သည် (၁၈၆၉)ခုနှစ်က ဖင်လန်ပင်လယ်ကွေ့၌ နစ်မြုပ်သားသော ဖရီးဂိတ် သင်္ဘောတစ်စင်းအား ရှာဖွေမှု လုပ်ငန်းစဉ်၌ ကိုယ်တိုင် ပါဝင်လေ့လာခဲ့ခြင်း ဖြစ်သည်။ ရုရှား အစိုးရ ရုပ်မြင်သံကြား ဌာနများ သုတေသန ရေငုပ်သင်္ဘောငယ် တစ်စင်းပေါ် တက်ထိုင်နေသည့် သမ္မတ၏ ပုံကို ထုတ်လွှင့် ပြသခဲ့သည်။ "ရေငုပ်သင်္ဘောရဲ့ ညာဘက်ခြမ်းမှာတော့ နစ်မြုပ်နေတဲ့ သင်္ဘောပျက်ကို ကျွန်တော် တွေ့ခဲ့တယ်"ဟု ပူတင်က ဆိုသည်။

အဆိုပါ သင်္ဘောသည် အခြေအနေ ကောင်းမွန်ကြံ့ခိုင်စွာ ရှိနေဆဲဖြစ်ပြီး အပျက်အစီး နည်းပါးကြောင်း သုတေသီများက ကောက်ချက်ချထားသည်။ ပူတင်က "ကြောက်စရာ အတွေ့အကြုံတော့ မဟုတ်ပါဘူး။ အင်မတန် စိတ်ဝင်စားစရာကောင်းတယ်"ဟုလည်း ဆက်လက် ပြောကြားသွားသည်။ Olegအမည်ရှိ သင်္ဘောကို (၂၀၀၃)ခုနှစ်တွင် ရုရှား သုတေသီများက ရှာဖွေ တွေ့ရှိခဲ့သည်။ သင်္ဘောသည် ရေအနက် ပေ(၂၀၀)မျှတွင် တည်ရှိနေပြီး ဂျော့ဂ်ျလန်းနှင့် ဆိုမား ကျွန်းများကြားတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ အသက်(၆၀) အရွယ်ရှိ ပူတင်သည် ၎င်း၏ ကာယကြံ့ခိုင်မှုအတွက် ဂုဏ်ယူလေ့ ရှိသလို မကြာသေးမီ နှစ်ပိုင်းများ အတွင်းကလည်း မီဒီယာများ မျက်စိကျစေမည့် အဆန်းထွင်မှုများ ပြုလုပ်ပြခဲ့ဖူးသည်။

Planet Myanmar Network

ပင်လယ်ကြမ်းပြင်သို့ ရေငုပ်သင်္ဘောဖြင့် ဆင်းသက်ခဲ့သည့် ရုရှားသမ္မတ ပူတင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ