ပထမဆုံးရုပ်ရှင်ကားအတွက် ပြင်ဆင်နေဟု ရတနာဖြူဖြူအောင်ဆို


ရန်ကုန်၊ ဇူလိုင် ၁၀

Queen Jewel ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းရှင်၏ သမီးဖြစ်သူ သရုပ်ဆောင်သစ် ရတနာဖြူဖြူအောင် က သူ့ရဲ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ နက္ခတ်မှားတဲ့တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားအတွက် အစစအရာရာ အဆင်ပြေအောင် ပြင်ဆင်နေတယ်လို့ သရုပ်ဆောင် ရတနာဖြူဖြူ အောင်က ပြောပါတယ်။

"ဒီကားက ပွဲဦးထွက်ကား ဖြစ်တော့ စိတ်ပူတာက အိုက်တင်ပိုင်းကို ကိုယ်သိသလောက် မှတ်သလောက်လေးနဲ့ ကြိုးစား လေ့ကျင့်နေပါတယ်။ သရုပ်ဆောင်ရမှာက ဆေးကျောင်းသူ လေး နိုရာဆိုတဲ့ ကောင်မလေးနေရာမှာ ဆိုတော့ အဝတ်အစားကအစ အကုန်လုံး ပြင်ဆင်ထားပါတယ်။ မြန်မာနိုင်ငံက ဆေးကျောင်းသူ ဆိုတော့ အဝတ်အစား က နည်းနည်း ဘောင်ကျဉ်းတယ်။ ကလက်တဲ့ပုံစံ မဖြစ်အောင်၊ တည်တည်ငြိမ်ငြိမ်ပုံ လေးဖြစ်အောင်လို့ ပြင်ဆင်နေပါတယ်" လို့ပြောပါတယ်။

မိမိတို့ထုတ်လုပ်ရေးနှင့် မိမိအတွက် ပထမဆုံးဇာတ်ကား ဖြစ်တာကြောင့် ပိုပြီး ကြိုးစားရမှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား ဆိုတာ အနုပညာရှင်တွေရဲ့ အိပ်မက်ဖြစ်ကြောင်း၊ အနုပညာ အလုပ်ကို မိဘများ၏ တိုက်တွန်းမှုကြောင့် လုပ်ဖြစ်ပြီး အခုလို ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ခွင့်ရ၍ မိဘများကို ကျေးဇူးတင်ကြောင်း၊ လက်ရှိတွင် ဗီဒီယိုဇာတ်ကား ခြောက်ကားလောက် ရိုက်ကူးထားပြီးဖြစ်ကြောင်း သရုပ်ဆောင် ရတနာဖြူဖြူအောင်က ဆိုပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ