ငါးကြီးဆီကြောင့် အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်း မြင့်မားဟုဆို




နေ့စဉ်ပုံမှန် သောက်သုံးလေ့ရှိသော ငါးကြီးဆီကြောင့် အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ၇၀ ရာခိုင်နှုန်းကျော် မြင့်မား လာနိုင်ကြောင်း အမေရိကန်အခြေစိုက် National Cancer Institue တွင် တရားဝင် ဖော်ပြထားသည်။

ယင်းသို့ ဖြစ်ပွားနှုန်း မြင့်မားခြင်းသည် အိုမီဂါ ၃ ပါဝင်မှု များပြားခြင်းကြောင့် ဖြစ်ကြောင်း၊ အိုမီဂါ ၃ သည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို ပျက်စီးစေပြီး ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်ကြောင်း အဆိုပါကင်ဆာဌာန သုတေသန ပညာရှင်များက တွေ့ရှိ ထားကြောင်း နိုင်ငံတကာသတင်းဌာန တစ်ခုဖြစ်သော NBC ၏ ကျန်းမာရေးကဏ္ဍ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သုတေသနပညာရှင်များသည် ဆီးကျိတ်ကင်ဆာ ခံစားနေရသော အမျိုးသား ၁၇ ဦးကို ငါးနှစ်တာ သုတေသန ပြုလုပ်ရာမှ ယင်းသို့တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဆီးကျိတ်ကင်ဆာဖြစ်ခြင်း အကြောင်းရင်း နှစ်မျိုးရှိပြီး ယင်းတို့မှာ မျိုးရိုးဗီဇနှင့် ယောက်ျားဟော်မုန်း DTH (Dihydrotestosterone) ကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး က The Voice သို့ ရှင်းလင်းပြောဆိုသည်။

“မြန်မာနိုင်ငံမှာ အထူးသဖြင့် ကလေးတွေကို ငါးကြီးဆီ တိုက်လေ့ရှိတယ်။ သက်ကြီးပိုင်းတွေလည်း ကိုလက်စထရောကျအောင် ငါးကြီးဆီ သောက်ကြတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ငါးကြီးဆီကို အရိုးသန်မာစေရေးနှင့် မျက်စိအားကောင်းစေရေး တို့အတွက် ကလေးငယ်များကို နေ့စဉ် တိုက်ကျွေးလေ့ ရှိကြောင်း၊ ပုံမှန်သောက်သုံးနေကျ ဆေးပမာဏဆိုပါက ကျန်းမာရေးအရ ပူပန်စရာ မလိုကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဖြည့်စွက် ပြောဆိုသည်။

အိုမီဂါ ၃ အက်စစ်သည် နှလုံးသွေးကြောစနစ်ကို အဓိက ကိုင်တွယ် ဖြေရှင်းပေးပြီး ခန္ဓာကိုယ်အလေးချိန်နှင့် ဇီဝ ဖြစ်စဉ်များကို အထောက်အကူပေးကြောင်း နိုင်ငံတကာ ဆေးပညာရှင်များက လက်ခံထားသော ဆေးတစ်မျိုးဖြစ်သည်။

ရလေး - The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ