လော့စ်အန်ဂျလိစ်ရှိ ကလေးအချို့အား ခရစ်ဘရောင်းက ဖိနပ်များ အခမဲ့ပေးဝေ


ခရစ်ဘရောင်းသည် လော့စ်အန်ဂျလိစ်ရှိ ကလေးငယ် အချို့အား ဖိနပ်များ အခမဲ့ လက်ဆောင် ဝေငှပေးခဲ့ကြောင်း သိရှိရသည်။ စနေနေ့က ဘရောင်းသည် လော့စ်အန်ဂျလိစ်ရှိ ဖိနပ်လိုအပ်နေသော ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် ဖိနပ်များကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

‎#Fine ‎#China စတား အဆိုတော်သည် (၂၀၀၉)ခုနှစ်က ချစ်သူဟောင်း ရီဟန်နာကို ရိုက်နှက်ခဲ့သည့် ကိစ္စအတွက် ပြစ်ဒဏ် အနေဖြင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေရဆဲ ဖြစ်သည်။

ထို့အပြင် မကြာသေးမီက အကျုံးမဝင်သော လိုင်စင်ဖြင့် ကားမောင်းပြီး လော့စ်အန်ဂျလိစ် အနီးတွင် ယာဉ်တိုက်မှု အသေးစား ဖြစ်ပွားခဲ့ခြင်းအတွက်လည်း အမှု ရင်ဆိုင်နေရသည်။

အသက်(၂၄)နှစ်ရှိ ဘရောင်းက မိမိသည် ငယ်ရွယ်သည့် ပရိသတ်များထံသို့ ကောင်းမွန်သော လွှမ်းမိုးမှုကိုသာ ပေးအပ်သွားလိုကြောင်း ဆိုသည်။

"ကျွန်တော် ငယ်ငယ်က ဝမ်းကွဲ အစ်ကိုတွေဆီက အဝတ်အစားတွေ ငှားဝတ်ခဲ့ရတယ်။ ဆင်းရဲနွမ်းပါးတဲ့ ပတ်ဝန်းကျင်တွေကနေ လာခဲ့ရသူ တစ်ယောက် အနေနဲ့ ကိုယ်ဘာကို ကြိုးစားသင့်တယ် ဆိုတာကို ကျွန်တော် သိတယ်။ ချာတိတ်လေးတွေကို ကျွန်တော် တစ်ခုခု ပြချင်တယ်။

အထူးသဖြင့် သူတို့ ဘဝမှာ လိုအပ်တဲ့ အရာအတွက် ပိုကောင်းတဲ့ အလင်းရောင်မျိုး ဖြစ်စေချင်တယ်"ဟု ဖိနပ်အလှူရှင် ဘရောင်းက ပြောကြားခဲ့သည်။

ယခုအလှူကို ဘရောင်းအတွက် Reebokက ကူညီ စပွန်ဆာပေးခဲ့သည်။ အဆိုပါ အလှူသည် ဘရောင်း ဖော်ဆောင်နေသည့် ‎#Unity ‎#Campaign ခေါ် လူမျိုးအားလုံး၊ အမျိုးသား အမျိုးသမီးအားလုံး အပြန်အလှန် ချစ်ခင်ရေး လှုပ်ရှားမှု၏ တစ်စိတ် တစ်ဒေသဟုလည်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ