ချစ်သူနှင့် ဇာတ်လမ်းပြတ်သွားပြန်သည့် ဂျော့ကလူနီး


ဂျော့ကလူနီးသည် လက်ရှိ တွဲနေသော ချစ်သူ စတေစီ ကီဘလာနှင့် ဇာတ်လမ်း ပြတ်သွားပြီဟု သိရှိရသည်။ ဟောလီးဝုဒ်တွင် မိန်းမလှလေး များစွာနှင့် ဇာတ်လမ်းဖြစ်ခဲ့သော နာမည်ကျော် ဇာတ်ဆောင် မင်းသားသည် စတေစီနှင့် (၂)နှစ်ကြာ အတူရှိခဲ့သော်လည်း ယခုအခါတွင်မူ လမ်းခွဲလိုက်ပြီ ဖြစ်သည်။

၎င်းတို့သည် ဇူလိုင်လ (၄)ရက်နေ့တွင် ကျရောက်သော အမေရိကန် လွတ်လပ်ရေးနေ့ကို သီးခြားစီသာ ဖြတ်သန်း ကျင်းပခဲ့ကြသည်။ ‎#Sunday ‎#People က ဂျော့ဂ်ျနှင့် စတေစီတို့သည် လူအများရှေ့သို့ အတူတကွ ထွက်ခွာလာခြင်း မရှိသည်မှာ (၃) လကျော်ပြီ ဖြစ်ကြောင်းလည်း ရေး
သားခဲ့သည်။

နီးစပ်သူ တစ်ဦးက "တစ်ယောက်အတွက် တစ်ယောက် အချိန်ပေးနိုင်တာမျိုး မရှိတော့တဲ့နောက် ဂျော့ဂ်ျနဲ့ စတေစီတို့ တစ်ခုခုကို တိတိကျကျ ဆုံးဖြတ်လိုက်ဖို့ ရွေးချယ်ခဲ့တာပါ။ ဂျော့ဂ်ျအနေနဲ့ သူ့ရဲ့ အချစ်ရေးမှာ ခံယူထားတဲ့ ပုံစံကို မပြောင်းနိုင်တာနဲ့လည်း ဆိုင်လိမ့်မယ်။ သူက ဘဝမှာ အမျိုးသမီး တစ်ယောက်က အရမ်းကို နီးစပ် ထိတွေ့လာပြီလို့ ခံစားရရင် နောက်ဆုတ်လိုက်တတ်တယ်လေ"ဟု ပြောကြားခဲ့သည်။

ဂျော့ဂ်ျသည် အီတလီရှိ ကိုမိုရေကန်အနီးရှိ ၎င်းပိုင် ဇိမ်ခံအိမ်ကြီးတွင် သူငယ်ချင်းများနှင့်အတူ လွတ်လပ်ရေးနေ့ ပါတီပွဲကို ကျင်းပခဲ့သည်။ စတေစီသည် ထိုအချိန်တွင် မာလီဘူးသို့ ရောက်ရှိနေပြီး သူမ၏ ဓာတ်ပုံကို Instagram တွင် လွှင့်တင်ထားသော်လည်း ဂျော့ဂ်ျကို ‎#Mention ချိတ်မထားချေ။

စတေစီ၏ မိတ်ဆွေ တစ်ဦးကမူ "စတေစီက အီတလီကို မသွားနိုင်ပါဘူး။ လောလောဆယ် နယူးယော့ခ်မှာ အလုပ်များနေလို့ပါ"ဟု ပြောဆိုခဲ့သေးသည်။ ယင်းတို့စုံတွဲ
သည် မတ်လကတည်းက နှစ်ဦးသား အတူတကွ လူအများရှေ့ ထွက်ပေါ်လာမှု မရှိတော့ဟုလည်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ