အသင်းကို အင်အားဖြည့်မည်ဟု မန်ယူမန်နေဂျာ မိုယက်စ် ကတိပြု


မန်ချက်စတာ ယူနိုက်တက် အသင်းပရိသတ်များအား မိမိတို့ အနေဖြင့် အသင်းအင်အား ဖြည့်တင်းရန်အတွက် လုပ်ဆောင်မည် ဖြစ်ကြောင်း မန်နေဂျာ ဒေးဗစ် မိုယက်စ်က ကတိပြု ပြောကြားလိုက်သည်။

ယူနိုက်တက်သည် ဆာအဲလက်စ် ဖာဂူဆန် ခေတ်လွန် မိုယက်စ် တာဝန်ယူချိန်တွင် အဓိက ကစားသမား အားဖြည့်ဝယ်ယူမှုမျိုး မလုပ်ဆောင်နိုင်သေးဘဲ ဥရုဂွေး လူငယ် ကစားသမားလေး ဂူလာမို ဗာရဲလားကိုသာ ပေါင်စတာလင် (၁)သန်းဖြင့် ဝယ်ယူထားသေးသည်။

ယူနိုက်တက်သည် ဘာစီလိုနာ ကွင်းလယ် ကစားသမား သီယာဂို အယ်လ်ကန်ထရာကို ပေါင်စတာလင် (၁၇)သန်းဖြင့် ခေါ်ယူမည်ဟု သတင်းကြီးနေသော်လည်း လက်တွေ့ ဖြစ်မြောက် မလာသေးချေ။ မိုယက်စ်သည် MUTVနှင့် အင်တာဗျူးတွင် သီယာဂို ကိစ္စကို တိတိ
ကျကျ ပြောဆိုခြင်း မရှိသော်လည်း အသင်းအတွက် အားဖြည့်မှု
များ ပြုလုပ်မည်ဟုမူ အတည်ပြုသွားခဲ့သည်။

စကော့သား မန်နေဂျာက "ယူနိုက်တက်ဟာ ထိပ်တန်းအဆင့် ကစားသမားတွေနဲ့ အမြဲလိုလို အနီးစပ်ဆုံး ရှိနေမှာပါ။ ပရိသတ်တွေကို ကျွန်တော် စွမ်းသလောက် လုပ်ဆောင်နေမယ်
ဆိုတာကို အာမခံချင်ပါတယ်။ တချို့ကိစ္စတွေက ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်ဆန်ဆန် လုပ်ဆောင်ရပါတယ်။ ဒါပေမဲ့ လက်ရှိအင်္ဂလန် ချန်ပီယံ အသင်းကို ပိုတောင့်တင်း၊ ပိုအားကောင်း
လာအောင် ကျွန်တော် လုပ်ဆောင်နိုင်စွမ်း ရှိသမျှ အားလုံးကိုပုံအောပြီး လုပ်ဆောင်ပေးသွားမယ်လို့ ပြောချင်ပါတယ်"ဟု ဆက်လက် ပြောဆိုသွားသည်။

ယူနိုက်တက်သည် ဗုဒ္ဓဟူးနေ့တွင် ရာသီကြို လေ့ကျင့်ရေး ခရီးစဉ် စတင်မည်ဖြစ်ပြီး သီယာဂို ကိစ္စကို ယင်းမတိုင်မီ အပြီးသတ်ရန်မှာမူ ခက်ခဲဖွယ် ရှိနေသည်။ ယူနိုက်တက်၏ လေ့ကျင့်ရေး ခရီးစဉ်တွင် အက်ရှ်လေယန်း၊ လူးဝစ်နာနီနှင့် ခရစ်စမောလင်းတို့ လိုက်ပါရန် မသေချာသော်လည်း အရန်အသင်းမှ ကွင်းလယ် ကစားသမားလေး အက်ဒ်နန် ဂျနူဇက်ဂ်ျကို နေရာပေးရန် မိုယက်စ်က စီစဉ်နေကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ