မနော၏ ကံကောင်းတဲ့နေ့ တေးစီးရီးထွက်မည်


ရန်ကုန်၊ ဇူလိုင် ၁၃

တေးသံရှင် မနောရဲ့ ကံကောင်းတဲ့နေ့ အမည်ရတဲ့ တစ်ကိုယ်တော်တေးစီးရီး ဇူလိုင် ၁၅ ရက်နေ့မှာ The Sun Music Production ကနေ စတင်ဖြန့်ချိမယ်လို့ တေးသံရှင်မနောက ပြောပါတယ်။

အဲဒီတေးစီးရီးမှာ စုစုပေါင်း တေးသီချင်း ၁၄ ပုဒ်သီဆိုထားပြီး Pop၊ Slow Rock၊ R&B သီချင်းတွေ ပါဝင်ကြောင်း၊ သီဆိုထားတဲ့ တေးသီချင်းတွေ ထဲက ‘လိုသုံး’ တေးသီချင်းကို နှစ်သက်ကြောင်း ‘အဆင်ပြေတဲ့နေ့ ဆိုတဲ့ တေးသီချင်းခေါင်းစဉ် ပေးဖြစ်ရခြင်းမှာ အဆင်ပြေတဲ့နေ့တွင် အားလုံးအဆင်ပြေပါစေဟု ရည်ရွယ်၍ ပေးဖြစ်ကြောင်း တေးသံရှင် မနောက ဆိုပါတယ်။

“ဒီအခွေအတွက် ကျွန်တော်သီချင်း ခုနစ်ပုဒ်တီးပေးထားတယ်။ ပါတာတော့နှစ်ပုဒ်လောက်ပဲပါတယ်။ Wanted Band အနေနဲ့ တီးပေးထားတာ မဟုတ်ပါဘူး။ သူငယ်ချင်းအတွက် တီးပေးထားတာပါ” ဟု Wanted Band မှ တေးရေးနှင့် Player တစ်ဦးဖြစ်သူ ဦးရှည်ကြီးက ပြောကြားပါတယ်။

“ဒီအခွေလေးအတွက် မန္တလေးကနေ ရန်ကုန်ကို မနက်လာ၊ ညနေပြန်၊ အဲ့လိုမျိုး သွားလိုက်လာလိုက် လုပ်နေရတာ။ ထွက်ပြီးတော့ ဗီစီဒီအတွက် ပြင်ဆင်နေပါတယ်” ဟု ၎င်းက ထပ်လောင်းဆိုပါတယ်။

တေးသံရှင် မနောဟာ ပြီးခဲ့တဲ့ ၂ နှစ်က တေးသံရှင် လှိုင်ဦးမော်နှင့် လက်ချောင်းများ တေးစီးရီး ထွက်ရှိခဲ့တဲ့အပြင် အတွဲခွေများလည်း သီဆိုထားသူ ဖြစ်ပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ