ဆိုတေး အမြန်ဆုံးကျန်းမာလာဖို့ ဘုရားမှာ သစ္စာဆိုထားတယ်ဆိုတဲ့ ဖိုးချစ်


ဆိုတေးနဲ့ဖိုးချစ်တို့ဟာ အနုပညာလောကမှာ ခင်မင်ရင်းနှီးမှုတွေထက် ပိုပြီး ညီအစ်ကိုအရင်းတွေလို ခင်မင်ကြတယ်အတွက် ဆိုတေးတို့ အခုလို ကံကြမ္မာဆိုးနဲ့ တွေ့ကြုံရတယ်ဆိုတာကို သူများတွေထက်ပိုပြီး စိတ်ထိခိုက်ခံစားရတဲ့အကြောင်း ဇာတ်မင်းသား ဖိုးချစ်က ပြောပါတယ်...` မိဘတွေကိုလုပ်ကျွေးနေတဲ့ ကလေးဖြစ်လို့ ဒီသစ္စာစကားကြောင့် အမြန်ဆုံး ကျန်းမာလာပါစေလို့ သစ္စာဆိုထားတဲ့ အကြောင်း သူက ပြောပြခဲ့တာပါ။ ``ညီလေး ဆိုတေးနဲ့ ကျွန်တော်နဲ့က ဇာတ်မင်းသားနဲ့အဆိုတော် အဖြစ်တင် မဟုတ်ဘူး။ သူ အရင် နာမည်မကြီးခင်ကတည်းက ကျွန်တော်နဲ့အတူတူလက်တွဲပြီးဖျော်ဖြေခဲ့တယ်။ ပြောရရင် ညီအစ်ကို အရင်း တွေလို ချစ်ကြတာပါ။ တကယ့် မိသားစုတွေလိုပါပဲ။ အခုလို ဖြစ်သွားတာကလည်း ကျွန်တော်ကမယ့် တောင်သာပွဲမှာ သ်ီချင်းဆိုဖို့ သူလာတဲ့လမ်းမှာဖြစ်သွားတာကြောင့် ပိုပြီး ခံစားရတယ်။ လေယာဉ်နဲ့လာခိုင်းတာ။ သူက အဆင်မပြေလို့ ကားနဲ့ပဲထွက်လာလိုက်တယ်။ ဖြစ်ဖြစ်ချင်းကတည်းက အခုအချိန်အထိ စကားလုံးတွေတောင် စဉ်းစားလို့ မရအောင် စိတ်ထဲမှာ ၀မ်းနည်း ပူဆွေး နေတဲ့အတွက် ဖုန်းတွေတောင် မကိုင်ဖြစ်ပါဘူး။ သူဖြစ်တယ်လို့ ကြားကြားချင်း ကျွန်တော်ပွဲစဉ်တွေ အားလုံးကို ဖျက်ပြီး သူ့ဆီလိုက်သွားတယ်။ သူ့ဘေးမှာပဲတောက်လျှောက် ကူညီပေးနေတာ။ ကျွန်တော့် ကျန်းမာရေးကိုတောင် အားလုံးက ၀ိုင်းပြီး စိုးရိမ်နေကြပါတယ်။ သူ့အနေအထားကခွဲစိတ်ထားတာကြောင့် ခေါင်းတော့ လုံးဝမလှုပ်နိုင်သေး ပါဘူး။ စောင့်ကြည့်နေရတုန်းပါပဲ။ ဒါပေမယ့် အသက်အန္တရာယ်တော့ အရင်ကလောက် မရှိတော့ဘူးလို့သိရပါတယ်။ အထူး ကြပ်မတ်ကုသဆောင်မှာဆိုတော့ တစ်ယောက်ပဲ ၀င်ခွင့်ရှိလို့ ကျွန်တော့်က ကားပေါ်မှာဖြစ်ဖြစ်၊ သူ့အနားတ၀ိုက်မှာ နေပြီးအခြေအနေ စောင့်ကြည့် နေပါတယ်။ ညီလေးအတွက်အရမ်းစိုးရိမ်လို့ ခေါင်းက လှုပ်လို့ရပြီ ခွင့်ပြုချက်ရပြီဆိုတာနဲ့ ဘန်ကောက်ပဲဖြစ်ဖြစ် စင်ကာပူပဲဖြစ်ဖြစ် သွားပြီး ဆေးကုသဖို့လည်း စီစဉ်ထားပါတယ်။ ´´လို့ ဖိုးချစ်က Sunday ကိုပြောပြခဲ့ပါတယ်...။

Sunday Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ