သီဆိုဖျော်ဖြေစဉ် ပန်ကာနှင့်ဆံပင် ညပ်မိသွားသည့် ဘီယွန်းစ်


သီဆိုဖျော်ဖြေစဉ် ပန်ကာနှင့်ဆံပင် ညပ်မိသွားသည့် ဘီယွန်းစ်
ယခုသီတင်းပတ် အစောပိုင်း က Grown Womanစတား အဆိုတော်သည် ကနေဒါနိုင်ငံ၊ မွန်ထရယ်လ်မြို့တွင် ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စင်မြင့်ပေါ်မှ အအေးပေး ပန်ကာတစ်ခုနှင့် ဆံပင်တို့ ညပ်မိနေမှုနှင့် ကြုံခဲ့ရသည်


ဘီယွန်းစ်တစ်ယောက် ပန်ကာနှင့် ဆံပင် အရှုပ်အထွေး ကြုံခဲ့သေးသော်လည်း ပရိသတ်များအား သီချင်းအဆိုမပျက် ဆက်လက် ဖျော်ဖြေခဲ့ကြောင်း သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက Grown Womanစတား အဆိုတော်သည် ကနေဒါနိုင်ငံ၊ မွန်ထရယ်လ်မြို့တွင် ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စင်မြင့်ပေါ်မှ အအေးပေး ပန်ကာတစ်ခုနှင့် ဆံပင်တို့ ညပ်မိနေမှုနှင့် ကြုံခဲ့ရသည်။ ကြီးမားသော ပန်ကာကြီးတွင် ဆံပင်ညပ်နေသဖြင့် အတန်ငယ် စိတ်အနှောင့်အယှက် ဖြစ်နေသည့်တိုင် ဘီယွန်းစ်သည် ပရော်ဖက်ရှင်နယ် ပီသစွာပင် သူမ၏ Haloသီချင်းကို ပီပီသသ ကြည်ကြည်လင်လင် ရှေ့ဆက် သီဆိုသွားခဲ့သည်။

ဘီယွန်းစ်၏ သွေးအေး တည်ငြိမ်မှုကို ပရိသတ်များက သဘောတကျ အံ့ဩကာ ဩဘာပေးခဲ့ကြသည်။ သူမသည် အကျပ်အတည်းတစ်ခု ကြုံနေသည့်တိုင် စာသားလုံးဝ အမှားအယွင်းမရှိ၊ အသံမယိုင်ဘဲ ဆက်လက် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ သူမသည် စင်မြင့်၏ အစွန်းပိုင်းလေးတွင် ထိုင်နေရင်း ပရိသတ်အတွက် သီချင်းဆက်ဆိုနေစဉ် စင်မြင့် တာဝန်ခံများက ဆံပင်နှင့် ပန်ကာ လွတ်သွားအောင် ကြိုးစားခဲ့ရသည်။

အဆိုပါ ကိစ္စသည် အဆိုးဆုံး မတော်တဆမှုမျိုး ကြုံသွားနိုင်သော်လည်း အသက်(၃၁)နှစ်ရှိ ဘီယွန်းစ်ကမူ နောက်ပိုင်းတွင် ရယ်စရာ သဘောမျိုးသာ မှတ်ချက်ပေးခဲ့သည်။ သူမသည် ဆံပင်နှင့် ပန်ကာညပ်နေသော ပုံကို Instagramတွင်တင်ကာ Haloသီချင်း စာသားအချို့ကို ပြောင်းလဲကာ ပုံညွှန်းစာအဖြစ် ထည့်သွင်းခဲ့သည်။ သူမက အဆိုပါ စာတွင် " Gravity can't begin, to pull me out of the fan again, I felt my hair was yankin, from the fan that's always hatin."ဟု ရေးသားထားသည်။ ယင်း၏ မူလစာသားမှာ "Gravity can't forget to pull me back to the ground again, and It's like I've been awakened"ဟူ၍ ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ