ရက်ဂေးဖက်ရှင် ရက်ဂေးစတိုင်နဲ့ စောဖိုးခွား


ဖက်ရှင်လို့ ပြောလာရင် လူတစ်ဦးနဲ့တစ်ဦး ဖက်ရှင်မတူသလို ဖက်ရှင်နဲ့ ပတ်သက်တဲ့ယူဆပုံလည်း မတူကွဲပြားကြပါတယ်။ မြန်မာ့ဂီတလောကမှာ ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်လာရင် တစ်မူထူးခြားစွ...ာ အမြဲတမ်းဆန်းသစ်နေတတ်သူက တေးရေး၊ တေးဆို စောဖိုးခွားပါပဲ။ သူ့ရဲ့ဖက်ရှင်စတိုင်နဲ့ ယူဆချက်ကို သူ့အမြင်အတိုင်း ပွင့်ပွင့် လင်းလင်း ပြောပြလာပါတယ်။

ကိုစောဖိုးဖွား နားလည်ခံယူ ထားတဲ့ ဖက်ရှင်ပုံစံယူဆချက်ကို မေးကြည့်တော့

" ဖက်ရှင်က အမျိုးမျိုးရှိ တယ်။တချို့ကမွေးရာပါ။ သူ့ ဟာသူရှိနေတဲ့စတိုင်။ ဥပမာ- ဆံပင်ကောင်းတာ၊တချို့က လုပ်ယူဖန်တီးရတယ်။ သူများနဲ့မတူအောင် ထူးအောင် လုပ်ယူထားရတာလည်း ရှိတယ်။ ကျွန်တော် နားလည်ခံယူထားတဲ့ ဖက်ရှင်ကတော့ ဖက်ရှင်ဆိုတာ အနု ပညာတစ်ခုပါပဲ။

တချို့က ဖက်ရှင်ကို လူများအထင်ကြီးအောင် ထူးထူးခြားခြားလုပ်ထားတာ ရှိ တယ်။ ဖက်ရှင်ကို အနုပညာလို့ ပြောလိုက်ရင် အနုပညာက လွတ်လပ်ခြင်းကိုအခြေခံတယ်။ လိမ်လို့ညာလို့မရဘူး။ ဖက်ရှင် ဆို တာ
လက္ခဏာအမှတ်အသား တစ်မျိုးဆိုလည်း မမှားပါဘူး" လို့ သူ့အမြင်၊ သူ့ယူဆချက်ကို ပြောပြခဲ့ပါတယ်။

ဖက်ရှင်က လူတစ်ဦးတစ်ယောက်အတွက် ခွဲခြာလို့မရဘူးဆိုတော့ ကိုစော
ဖိုးခွားအတွက် ဘဝမှာ ဖက်ရှင် ရဲ့ အရေးပါပုံကိုလည်း သိပါ ရစေလို့ မေးကြည့်တော့..

" သိပ်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဖက်ရှင်တစ်ခုက စွဲဆောင်မှုလည်းရှိတယ်။ လူတွေ နှစ်ခါလှည့်ကြည့်ယူရတဲ့ ဖက်ရှင်မျိုးလည်း ဖြစ်တယ်။ ဖက်ရှင်ကို ကျွန်တော်က
အနုပညာလို့ တင်စားတဲ့အတွက် လူတစ်ဦးတစ်ယောက်ကလည်း ဘဝအသက်ရှင်နေတဲ့ အချိန်မှာ အနုပညာဆန်ဆန်အသက် ရှင် ကြတာချင်းပဲ။ ကိုယ့်ဖက်ရှင်ကို ကိုယ်မသိလို့ မရဘူး။ လူတိုင်းကအနုပညာဆန်ပြီး အနုပညာရှင်တွေပဲ။ ဒါကြောင့် ဖက်ရှင်ကလူတစ်ဦးတစ်ယောက်အတွက် သိပ်အရေးပါသလို၊ သိပ်လည်းတန်ဖိုးရှိတယ်။

ကျွန် တော့်အတွက်ကတော့ တော်တော်အရေးပါတယ်" လို့ ပြောပြ ခဲ့ပါတယ်။တစ်မူထူးခြားတဲ့ စောဖိုးခွားရဲ့ရက်ဂေးစတိုင်အကြောင်းကို
လည်း မေးကြည့်တော့..

" ကျွန်တော့် စတိုင်က ရက်ဂေးစတိုင်ပါ။ ဒါကလူမျိုးတစ်မျိုးရဲ့ ရိုးရာယဉ်ကျေးမှု Life စတိုင်ပေါ့။ နဂိုကတည်းက သဘာဝဆန်တဲ့ စတိုင်ပါ။ ဒီဆံပင်ထားဖြစ်တဲ့အကြောင်း ဆိုလည်းကမ္ဘာပေါ်မှာ အာဖရိကက လူမျိုး တစ်မျိုးကနေအခြေခံလာတာ။ အစက သူတို့က ကျွန်လူမျိုးတွေ။ ဒါသူတို့ရဲ့ စတိုင်ဖက်ရှင်ပါပဲ။ အခုချိန်ထိ ရှိနေသေးတယ်။

သူတို့ကိုးကွယ်တဲ့ဘာသာက (Rastafari)ပါ။ လူသိနည်းပေမယ့် နောက်ပိုင်း သူတို့ကိုဖက်ရှင်တစ်ခုအနေနဲ့ မြင်ကြပြီး သူတို့ပုံစံကိုလိုက်လုပ် ကြတယ်။ လုပ်ယူတာနဲ့ တကယ့် သဘာဝ ထားတာကွာခြားတယ်။ ကျွန်တော့်စတိုင်ကတော့ သဘာဝ အတိုင်းလွတ်လွတ်လပ်လပ်ပဲ ထားတယ်လို့ ပြောပြခဲ့ပါတယ်။

ဒီရပ်စတာဆိုတဲ့ လူမျိုးစုရဲ့ ဆံပင်ပုံစံကိုထားနိုင်အောင် စော ဖိုးခွားအနေနဲ့ ဒီဆံပင်တစ်ခါ ပြင်ဆင်တာဘယ်လောက် အချိန် ယူဖြစ်လဲလို့မေးကြည့် တော့..

" ကျွန်တော်သာမန်ခေါင်း လျှော်ရည်နဲ့ပဲလျှော်တယ်။ အိမ်မှာပဲ ကိုယ့်ဟာ ကိုယ်လျှော်တယ်။ ဆိုင်မှာတကူးတက သွားပြီး အချိန်ယူမပြင်ဆင်ပါဘူး။

ကိုယ့်ဟာကိုယ်ပဲပေါ့ပေါ့ပါးပါးလုပ်တာပဲ" လို့ ပြောပြခဲ့ပါတယ်။ တက်တူးအနေနဲ့မေးစေ့မှာ ထိုးထားတဲ့လိုဂို ပုံစံအမှတ်အသားလေးအကြောင်းကို မေးကြည့်တော့

" တက်တူးထိုးတာ ဝါသနာမပါဘူး။ ဒါပေမဲ့ ကျွန်တော်လေးစားတဲ့ ပုဂ္ဂိုလ်တွေပုံကို တော့ ခန္ဓာကိုယ်မှာ ထိုးထားတယ်။ အခုမေးစေ့က လိုဂို အမှတ်အသားက "ရက်ဂေး" တို့ ရဲ့ အဓိကကျတဲ့လိုဂိုပါ။ အစိမ်းက ထာဝရရှင်သန်ခြင်း၊ အဝါရောင် ရွှေရောင်ကအနာဂတ်၊ အနီက အဓိကအကျဆုံးပေါ့။

သူကလွတ်လပ် ခြင်းရဲ့သွေးကို ဆိုလိုတာပါ။ ဒီလိုဂိုအောက်မှာ
(Freedom) ဆိုပြီး ကျွန်တော် ထိုးထားပါတယ်။
နောက်တစ်ခုက ဒေါ်စုပုံ။ ပြီးတော့ ဘော့မာလေ(ရက်ဂေးရဲ့ဘုရင်)။
ကျွန် တော်လေးစားလို့ ကျွန်တော်ထိုးထားတယ်။
ဒါကျွန်တော်အတွက် ဖက်ရှင်တစ်ခုပါပဲ" လို့ ပြောပြခဲ့ ပါတယ်။

ထူးထူး - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ