ဂီတချစ်ပရိသတ်များ ရဲ့ ရင်ထဲက ထူးအိမ်သင်


မြန်မာပြည် အနုပညာလောကတွင် ထိတ်ထတ်ကြဲစူပါ စတားဖြစ်ခဲ့ကြသော စူပါစတားများထဲမှ စူပါတစ်ဦးမှာ မြန်မာ့ စတီရီယိုဂီတလောကအတွက် မမေ့နိုင်သူ ထူးအိမ်သင်ပင် ဖြစ်သည်။

ထူးအိမ်သင်ဟူသော ခေတ်တစ်ခေတ်ကို ပိုင်နိုင်စွာ ထူထောင်ခဲ့သူ ထူးအိမ်သင် သည် သူ့ခေတ်သူ့အခါက သူ့ အသိုင်းအဝိုင်းတွင် သူနှင့်ကင်း သူမရှိချေ။ သူနှင့် ပတ်သက် သော အမှတ်တရများကလည်း သူနှင့် ပတ်သက်ခဲ့ဖူးသူတိုင်း ယခုတိုင် ပြောမဆုံးနိုင်ဖြစ်ခဲ့ သည်။

ဂီတနှင့်ပတ်သက်လာ လျှင် ယုံကြည် ချက်ပြင်းထန်စွာ ဖြင့် ပြုလုပ်ရင်း
တစ်နိုင်ငံလုံး ၏ နှလုံးသားကို သိမ်းပိုက်သွား သူ ထူးအိမ်သင်နှင့်ပတ်သက် ၍ အမှတ်တရပြန်ပြောင်းပြောသူတစ်ဦးက ရွှေဂျော်ဂျော်။

" ကျွန်တော်တို့ အဖွဲ့လေးကလည်း အိုအေစစ်မှာ အသံ သွားသွင်းတယ်။ သူကလည်း အိုအေစစ်မှာ နေနေတာ။ အဲဒီ အချိန်မှာ သူက ၃ ခွေထွက်ပြီးပြီ။ သူက ကျွန်တော်တို့ကို တော်တော်လေးလည်း လမ်းပြ ပေးခဲ့ပါတယ်။ အိမ်ပေါ်လည်း ခေါ်ထားတယ်။ ငါးစာလည်း ပေး၊ ကွန်ချက်လည်းပြဆိုသလို ပေါ့။ အဲ့ ဒါကတော့ သူက လူ တိုင်းလိုလိုကိုပါပဲ။

သူယုံကြည် တဲ့ အနုပညာသမားတိုင်းကို အဲ့ ဒီလို လုပ်တတ်ပါတယ်။ အဲ့ဒါ တွေကတော့ အမြဲတမ်းဘဝ အတွက် အမှတ်တရတွေပါပဲ။ ခု ချိန်ထိလည်း သူသာရှိရင် သူသာရှိ ရင်ဆိုပြီး သူသာရှိရင်၊ ဘာလုပ်မှာပဲ။ ဘယ်လိုမှတ်ချက် ပေးမှာပဲ။ အမြင် မတော်တာရှိ ရင်ဒီလောက်ဆို ဆဲလောက်ပြီ။ အဲ့ဒီလိုမျိုးနဲ့ပဲ ခဏ ခဏပြော ဖြစ်နေတယ်။ သူက ခေတ်မီတဲ့
စိတ်ရှိတဲ့သူဆိုတော့ ဒီဘက် ခေတ်မြူးဇစ်နဲ့ ပတ်သက်တာ တွေ သူလုပ်နေမှာပါ" ဟု ထူးအိမ်သင်နှင့် လက်ပွန်းတတီး
နေခဲ့သူများထဲကတစ်ဦးဖြစ် သူရွှေဂျော်ဂျော်က ပြောသည်။

နှစ်ပေါင်း ငါးဆယ်၊ နှစ် ပေါင်း တစ်ရာအတွင်းမှာတစ် ယောက်ဆိုသလို ပေါ်ထွန်းခဲ့သူ တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ထူးအိမ်သင်ဟာ စီးရီးအခွေများကို
ဆက်တိုက်ဆိုသလို ပေါက်မြောက်အောင်မြင်အောင် ဖန်တီးနိုင်စွမ်းခဲ့သူ လည်း ဖြစ်သည်။

" ဆရာ မြို့မငြိမ်းတို့ဆိုလည်း နှစ်ငါးဆယ်နေမှ တစ်ယောက်၊တစ်ရာနေမှ တစ်ယောက်ဆိုသလိုပဲ ထူးအိမ်သင်သည်လည်း အဲ့ဒီထဲမှာပါတယ်လို့ ထင်တယ်။ တခြားဟာ မကြည့် နဲ့ စစချင်းထွက်ခဲ့တဲ့ အချိန် ကစပြီး ၄၊၅၊၆ခွေ ဆက်တိုက်ကို အောင်မြင်အောင် ရေးနိုင်စွမ်း ပြီး သူများကိုလည်း ရေးပေး လိုက်သေးတယ်။ တအားပေါက် တဲ့သီချင်းတွေဖြစ်အောင် တစ် ယောက်တည်းလုပ် ထားတယ် ဆိုတာ ၆ခွေဆက်တိုက်ပေါက် အောင်ဘယ်သူမှလည်းသီချင်း မရေးနိုင်ဘူး။ ဘယ်သူမှလည်း မဆိုနိုင်ဘူး။ အဲ့ဒီကတည်းက သူ ဘယ်လောက်တော်လဲဆိုတာ ကို သိသာစေတယ်။

ခုထက်ထိ ကျွန်တော့်ရင်ထဲမှာတော့ သူက ချန်ပီယံပဲ။ သူက နံပါတ်တစ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ နောက် ပိုင်းမှာ သူ့လိုလုပ်မှာမလုပ် နိုင်တာ။ ကိုယ်တိုင်ရေးတတ် တဲ့သူ၊ဆိုတတ်တဲ့သူတွေရှိပေ မယ့်ရေးဆိုလို့ ပြောရင် ရှားလာ ပြီ။ အဲဒါကိုမှ ထပ်ကျစ်လိုက်ရင် အခွေတွေ ဆက်တိုက်အောင်မြင်
ပြီးလူတွေရင်ထဲကို အကောင်း တွေရောက်အောင် လုပ်နိုင်တာ ဆို တော့ ဘယ်အရာကိုမှအပျော် မလုပ်ခဲ့ဘဲအတည်ပေါက်လွတ် လွတ်လပ်လပ်လေ့လာ ဖန်တီး ခဲ့သူပါ" ဆိုပြီး တေးရေးရွှေဂျော် ဂျော်က သူ့ရင်ထဲက နံပါတ်တစ် ချန်ပီယံ အကြောင်းကိုပြောပြ သည်။ အနုပညာနှင့် ပတ်သက် သည့် ကောင်းနိုးရာရာများကို စဉ်ဆက်မပြတ် လေ့လာနေခဲ့ သူ
ထူးအိမ်သင်သည် မျိုးဆက် သစ်လူငယ်များအတွက်လည်း စံထား စံပြုစရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။

" ကိုငှက်က သီချင်းရေးတဲ့ နေရာမှာ ကျွန်တော့်ရဲ့ အစစအရာရာ မြင်ဆရာ၊ ကြားဆရာ၊ သင်ဆရာလည်း ဖြစ်ပါတယ်။ သီချင်းတွေတွဲလုပ်၊ တွဲရေး၊ တွဲဆိုဖူးတာတော့ မရှိပါဘူး။ ဒါ ပေမဲ့ ကျွန်တော်တစ်သက်လုံး လေးစားရတဲ့ အဆိုတော်ဂီတစာ ဆိုဖြစ်ပါတယ်။ ဘယ်လောက် အားကျဖို့ကောင်းလဲဆို သူမ ရှိတော့တာ ဘယ်လောက်ကြာ ကြာ ခုချိန်ထိ အားလုံးက
သူ့ကို ကြိုက်နေတုန်းပဲ။ သီချင်းရေး တဲ့၊ ဂီတဖန်တီးတဲ့ နေရာမှာ ကျွန်တော်အကြိုက်ဆုံး တေး ရေးဆရာတွေထဲမှာ ထိပ်ဆုံးက ပါပဲ။ ခုချိန်သူသာရှိမယ်ဆိုရင် ကျွန်တော်တို့
ရေးတဲ့သီချင်း တွေကို မကြိုက်ရင် ဆဲရင်လည်း ဆဲမှာပေါ့။

တစ်ပုဒ်တလေများ ကောင်းသွားခဲ့မယ်ဆိုရင်လည်း ချီးကျူးမလားပေါ့။ ပြီးတော့ သူသာရှိဦးမယ်ဆိုရင်၊သူ့သီချင်း အသစ်တွေ ထပ်နားထောင်ရ မယ်ဆိုရင် တအားကောင်းမှာပါ" ဟု လူငယ်တေးသံရှင်တစ်ဦးဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်ကလည်း သူလေးစားအားကျရပုံကို ပြောသည်။

ထူးအိမ်သင်ဆိုသော စူပါတစ်ဦးသည် စည်းစိမ်ဥစ္စာ ကြွယ်ဝစွာမနေဖြစ်ခဲ့ရသော်လည်း အနုပညာဂုဏ်သတ္တိအားဖြင့် ပြီးပြည့်စုံသောအနုပညာကို ဖန် တီးနိုင်ခဲ့လေသည်။

သူသည်တေးရေးတေးဆိုဂီတစာဆိုဟူသော ဂုဏ်ပုဒ်အပြင်ကဗျာများ လည်း ရေးဖွဲ့ခဲ့ပြီး ကဗျာချစ် စိတ်လည်း ပြင်းထန်သူတစ်ဦး ဖြစ်ခဲ့သည်။ ထူးအိမ်သင်နှင့် ပတ်သက်၍သူနှင့် ရင်းနှီးကျွမ်း ဝင်စွာနေထိုင်ခဲ့သူ တစ်ဦးဖြစ် သောကဗျာဆရာကိုစောဝေ ကလည်း ထူးအိမ်သင်၏ နှစ် ၅ဝ ပြည့်မွေးနေ့အမှတ်တရတွင် အမှတ် တရအနည်းငယ်ပြောပြသည်က "
သူ့ခံယူချက်ပေါ့။ ဒီ စကားကတော့ဒီနေ့မျက်မှောက်ခေတ်နဲ့လည်း အလွန်တရာလိုက်ဖက်ပါတယ်။ သူ့ရဲ့ အသက် ၅ဝပြည့်မွေးနေ့မှာ သူပြောခဲ့ တဲ့စကားကို ကျွန်တော်ပြန်ပြောချင်ပါတယ်။ အနုပညာသမားက ငွေမလိုဘူး။ ပါဝါအာဏာမလိုဘူး။ အနုပညာသမားက အမှန်တရားကို ရချင်ရင် အနုပညာနဲ့ပဲ တိုက်ရမယ်တဲ့။ သတိရစရာ တွေအများကြီးထဲကတစ်ခုပါပဲ" ဟုထူးအိမ်သင်နှင့်ပြောဖြစ် သမျှတွေထဲကတစ်ခုကိုပြောပြသည်။

ဂီတ အနုပညာအပြင် ကဗျာစာပေအပေါ် သက်ဝင်ယုံ ကြည်စွာဖန်တီးအသက်ရှင်နေ ထိုင်ခဲ့သူ ထူးအိမ်သင်သည် သူ့ ကိုယ်သူ စူပါတစ်ဦး ဖြစ်နေသည်ကိုပင် ဂရုမထားနိုင်ဘဲ အနုပညာများအပေါ်တွင်သာအား ကောင်းမောင်းသန်ရှာမှီးသိမ်းဆည်း ဖြန့်ဝေလျက်ရှိသူ ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် သူ၏ စူပါဂုဏ်ပုဒ်မှာ တစ်
စတစ်စပိုမိုကြီးမားကျယ်ဝန်းလာခဲ့ပြီ။ ဂီတပရိသတ်များ၏ ရင်ထဲတွင် ထာဝရတည်ရှိနေပေသည်။ သေသောသူကြာရင်မေ့နိုင်သော်လည်း ထူးအိမ်သင် ဟူသော နာမည်သည်တော့ ဂီတပရိသတ်များနှင့် သူ့ကိုချစ် မြတ်နိုးကြသူများရင်ထဲတွင် ထာဝရစူပါ လူသားတစ်ဦး ဖြစ်နေပေလိမ့်တော့မည်။

ထူးအိမ်သင်၏ နှစ် ၅ဝ ပြည့်မွေးနေ့ အမှတ်တရအဖြစ် ဆွမ်းကျွေး
ကိုလည်း ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁ဝနာရီက စမ်းချောင်း ရှင်စောပုလမ်း၊ ဓမ္မစေတီ ရွှေ ကျင်ကျောင်းတိုက် မိသားစုဝင်များက ကျင်းပပြုလုပ်ခဲ့ကြသည်။

ရဲရဲ - Popular Journal
ဓာတ်ပုံ-အောင်ဇော်မင်း

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ