အနုပညာထက်ပညာရေးဘက်ကို ပိုဦးစားပေးမယ့် ယွန်းဝတီလွင်မိုး


အသက်၁၄နှစ်သာရှိသေးပေမယ့် တီဗွီကြော်ငြာနဲ့ဓာတ်ပုံမော်ဒယ်တွေ ဘက်မှာ ပရိသတ်ရဲ့အားပေးမှုတွေနဲ့အတူ အောင်မြင် မှုရရှိနေ သူကတော့ ဝါရင့်သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်သူ ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါ တယ်။ ယွန်းဝတီလွင်မိုးက လတ်တလောမှာ ဒါရိုက်တာဇော်ကိုကို ရိုက်ကူးတဲ့ Enzoxid ဝက်ခြံပျောက် ဆေးကြော်ငြာကို သာကေတ Horizon International School မှာရိုက်ကူး နေပါတယ်။ဒီကြော်ငြာလေးက ဇာတ်လမ်းပုံစံနဲ့ ရိုက်ကူးနေတာဖြစ်ကြောင်းကိုယွန်းဝတီလွင်မိုး က.. "ခေးက ကျောင်းသူတစ်ယောက်အနေနဲ့ ဝက်ခြံတွေပေါက်နေတာ၊ ကောင်လေးတစ် ယောက်က ကိုယ့်ပုံကို အခန်းထဲမှာ ဆွဲတဲ့အချိန် မှာကြည့်လို့ မကောင်းဘူး။ ဒီဆေးကို သုံးတဲ့ အတွက် ဝက်ခြံပျောက်သွားတယ်။ မျက်နှာရှင်း သွားတယ်။ အဲဒီလိုမျိုးရိုက်တာပါ။ ပြင်ဆင်ရ တာတော့ သိပ်မရှိပါဘူး။ မိတ်ကပ်ကလည်း Naturalပါပဲ" လို့ကြော်ငြာရိုက်ကူးဖို့ ပြင် ဆင်မှုနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ သူရိုက် ခဲ့တဲ့ ကြော်ငြာတွေကိုလည်း ပရိသတ်တွေက အားပေးနှစ်သက်ကြပါတယ်။ အခုလိုပရိသတ် တွေရဲ့ အားပေးမှုကို ရတာကြောင့် ကျေနပ်ပီတိ ဖြစ်ရကြောင်းကိုလည်း ယွန်းဝတီလွင်မိုးက..
"ကြော်ငြာရိုက်ရတာက ဓာတ် ပုံရိုက်ရတာ ထက်ပိုပြီး ပင်ပန်းတယ်။ ဒီလောက်ပင်ပင် ပန်းပန်း နဲ့ ကြိုးစားပြီး ရိုက်ထားတာတစ်ခုက အောင် မြင်သွားတယ်။ ပရိသတ်တွေ ကြည့် ရတာ ကျေနပ်တယ်ဆိုရင် တအားပျော်ပါ တယ်" လို့ သူကပြောပါတယ်။

ကြော်ငြာတိုင်း ကတော့သူ့အတွက် အမှတ်တရတွေပဲဖြစ်ပြီး သူ့အနုပညာတွေကို အကြံ ဥာဏ်ပေးသူကတော့ ဖခင်ဖြစ်သူ ဝါရင့်သရုပ်ဆောင်လွင်မိုးပဲဖြစ် ကြောင်းပြောပြခဲ့ပါတယ်။ "ခေးရဲ့ အဖေက ခေးရဲ့အနု ပညာနဲ့ပတ်သက်ပြီး အကြံဥာဏ်ပေးတယ်။ တစ်ခါတလေ
ကျရင် လူကြီးတွေကလည်း အကြံ ဥာဏ်ပေးကြတယ်။ အိုက်တင်၊ အမူအယာ၊လူမှု ဆက်ဆံရေး၊ ဒါရိုက်တာခိုင်းရင် ဘယ်လိုလုပ်ရ မယ်ကအစ သေးသေး မွှားမွှားတွေ ရော အများကြီးပဲ သင်ပေးပါတယ်" လို့ ပြောပါတယ်။ ပညာရေး အနေနဲ့ Yangon International
School မှာGrade-9 မှာသင်ကြားနေပြီးသူ့ရဲ့အနုပညာရည်မှန်းချက်နဲ့ပညာ ရေးရည် မှန်းချက်တွေကိုမေးမြန်းတဲ့အခါမှာတော့ "အနုပညာဘက်မှာတော့ ကြော်ငြာလေးတွေ နည်း နည်းပါးပါး ရိုက်မယ်။ ဓာတ်ပုံမော်ဒယ်လုပ်မယ်။ ဒီလောက်ပါပဲ။ ဒီ့ထက်ဆက်
မသွားတော့ဘူး။ ဒီ့ ထက်ပိုပြီးတော့ လျှော့သွားမယ်လို့ထင်ပါတယ်။ ကျောင်းလည်းဖွင့်ပြီ။ ကျောင်းဖွင့်ရင်ကျောင်း ပျက်လို့မရဘူးဆိုတော့ အနုပညာအလုပ် တွေက လျှော့သွားမှာပါ။ ပညာရေးက တော့ စီးပွားရေးနဲ့ပတ်သက်ပြီး လေ့ လာချင်တယ်။ တက္ကသိုလ်ကောင်း
ကောင်း တစ်ခုရောက်ဖို့လည်း ကြိုးစားမှာပါ။ နိုင်ငံခြားမှာပဲ ကျောင်းသွားတက်ဖို့များပါတယ်။ အမေရိက(သို့) သြစတြေးလျတစ် ခုခုပါပဲ" လို့ ပြောပါတယ်။ ဖခင်ဖြစ်သူက အောင် မြင်တဲ့ပြည်သူချစ် အနုပညာရှင်သရုပ်ဆောင်တစ် ဦးဖြစ်တာကြောင့်အားကျမိပေမယ့်လည်း သရုပ် ဆောင်လိုင်းဘက်ကိုသွားဖို့ အစီအစဉ်မရှိဘဲ သရုပ်ဆောင်ရတာကို ဝါသနာမပါကြောင်း ယွန်းဝတီလွင်မိုးက ပြောပါတယ်။

ခိုင်ဝေလွင် - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ