'စိတ်ကြွ ရူးသွပ်တေးများ' ကနေ 'အေရိုးဗစ်တေးများ' ဖြစ်သွား ရတဲ့ အကြောင်း ပြောတဲ့ ကျော်ထွဋ်ဆွေ


ကျော်ထွဋ်ဆွေ က ဖျော်ဖြေပွဲ အတွက် ပြင်ဦးလွင် မြို့ကို ရောက် ရှိ နေပါ တယ်။ သူ့ အနေနဲ့ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့ နဲ့မြို့ကြီးတွေ မှာပဲ ဖျော်ဖြေ ပွဲ သွားဖြစ်နေပြီး နယ် မြို့တွေကို သိပ်မသွားဖြစ် ဘူးလို့ ပြောပါတယ်။ ပြင်ဦးလွင် ဖျော်ဖြေပွဲ အတွက်ကတော့ ပရိသတ်တွေ ကဲလို့ ကောင်းမယ့် သီချင်းတွေပြင် ထားတယ်လို့ ပြော တဲ့ ကျော်ထွဋ်ဆွေ က သူ့ရဲ့စီးရီး "ရပ်ကွက်ထဲက အရူး" အခြေအနေမေးတော့..
"နောက်လကျရင် ကျွန်တော့် ရဲ့ ရပ်ကွက်ထဲက အရူး ဒီဗီဒီအခွေ ထွက်မယ်။ အဲဒီခွေမှာ ကျွန်တော် အပုဒ်တိုင်း ပါဝင် သရုပ်ဆောင်ပေး ထားတယ်" လို့ ပြောပါ တယ်။ ကျော်ထွဋ်ဆွေဟာ "စိတ်ကြွရူးသွပ်တေးများ" ဆိုတဲ့ ခွေတစ်ခွေ လုပ်နေတဲ့ အ ကြောင်း သိရတာမို့ မေးကြည့်တော့

"အဲဒါက ကျွန်တော့် ဒုတိယ အခွေပေါ့။ အခု ဒီဗီဒီ ထွက်ပြီးရင် အဲဒီခွေလာ မယ်။ အဲဒီအခွေ နာမည် ကမကောင်းဘူးပြောင်းခိုင်းတာနဲ့ အခု အဲဒီ "စိတ်ကြွ ရူးသွပ်တေးများ" နာ မည်ကနေ "အေရိုးဗစ်တေးများ" ဖြစ်သွားပြီ။ အဲဒီအခွေက စိတ်ဓာတ် တက်ကြွပြီး ကလို့ကောင်းမယ့် သီချင်းပုံစံတွေ ချည်းပါပဲ။ ပြောင်းခိုင်းတဲ့ သူကတော့ အနီးကပ် အကြံဥာဏ် ပေးနေတဲ့ သူငယ်ချင်းတွေပေါ့"လို့ ပြောပြပါတယ်။ အချစ်ရေးက အေးaဆးပဲ။ လူငယ် ဆန်ဆန်ပါပဲလို့ ပြောတဲ့ ကျော်ထွဋ်ဆွေကို အချစ်က အားပေးလား လို့ မေးတော့..

"အားပေးတာထက် အကြံပေး တယ်လို့ ပိုပြောရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ကို ဘေးနား ကနေ ကောင်းတယ်။ ဆိုးတယ် ပြောပေးနေတာပါ။ လူငယ်လိုပဲ ရန် ဖြစ်လိုက် ပြန်ချလိုက်ပါပဲ"လို့ ပြော ပါတယ်။ ပြင်ဦးလွင်မြို့ အမှတ်တရ နဲ့ပတ်သက်ပြီး မေးတော့..

"ပြင်ဦးလွင် အမှတ်တရ ရှိတာ ပေါ့။ ကျွန်တော် ဆယ်တန်းတစ်နှစ် လုံး ဒီပြင်ဦးလွင်က စာပန်းအိမ် ဘော်ဒါဆောင်မှာ နေခဲ့ရတာပါ။ အဆောင် မှာနေတုန်းက အိမ်ပြန် ချင်တာ။ စာမေးပွဲ ပြီးတော့ အိမ် မပြန်ချင် ဘူးဖြစ်နေခဲ့တာ"လို့ ပြော ပြခဲ့ပါတယ်။

နေကွန်းထင် - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ