သီယာဂိုကို ဘိုင်ယန်မြူးနစ်က ခေါ်ယူနိုင်ရန် နီးစပ်လာ


ဘိုင်ယန်မြူးနစ် အသင်းသည် သီယာဂို အယ်လ်ကန်ထရာကို ခေါ်ယူနိုင်ရန် အနီးစပ်ဆုံး ဖြစ်လာကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဂျာမန်နှင့် ဥရောပ ချန်ပီယံ အသင်းသည် မန်ချက်စတာ ယူနိုက်တက်က ကာလရှည်ကြာ ချိတ်ဆက်နေသည့် ပစ်မှတ် ကစားသမားကို လက်ဦးမှုယူ စာချုပ်နိုင်ရန် အခြေအနေ ကောင်းနေကြောင်း သိရသည်။

သီယာဂိုသည် ဘာစီလိုနာတွင် နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသည့် ဆရာဟောင်း ပက်ဂွာဒီယိုလာ ရှိနေသော ဘွန်းဒစ်လီဂါ ထိပ်သီး အသင်းကြီးထံ ပြောင်းရွှေ့ရန် အာရုံကျနေကြောင်း သတင်းများက ဆိုသည်။ ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်သည် သီယာဂိုကို အလေးအနက် ချိတ်ဆက်ခဲ့သော်လည်း လက်ရှိ အနေအထားအရတွင်မူ ဘိုင်ယန်ကို အလျှော့ပေးရမည့် အခြေအနေသို့ ဦးတည်လာသည်။

ဘာစီလိုနာ အရန်အသင်း နည်းပြအဖြစ် တာဝန်ယူစဉ် ကတည်းက ဘရာဇီးလ်နွယ်ဖွား စပိန်ကွင်းလယ် ကစားသမားနှင့် ရင်းနှီးခဲ့သည့် ဂွာဒီယိုလာက သီယာဂိုသည် "စူပါ့စူပါ ကစားသမားတစ်ဦး"ဟု ညွှန်းဆိုခဲ့သည်။ အသက်(၂၂)နှစ်ရှိ ကစားသမားသည် အသင်းတွင် နေရာ(၄)ခု၊ (၅)ခုမျှ တာဝန်ယူ ပြောင်းရွှေ့ ကစားနိုင်ကြောင်းလည်း ဂွာဒီယိုလာက ဆိုသည်။

"ဘိုင်ယန်မှာ ကွင်းလယ်လူတွေ များနေပေမယ့် သီယာဂိုကို ခေါ်လို့ ပြဿနာ မရှိနိုင်ပါဘူး။ သူ့ဆီက ကွဲပြားတဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော် ခေါ်ချင်တဲ့ တစ်ယောက်တည်းသော ကစားသမားက သီယာဂိုပါပဲ"ဟု ဂွာဒီယိုလာက ပြောကြားခဲ့သည်။

မိုယက်စ်သည် ပေါလ်စခိုးလ် အနားယူသွားသည့်နောက် ယူနိုက်တက် ကွင်းလယ်တွင် ဖန်တီးမှု အရည်အသွေး မြင့်မားသည့် ကစားသမားသစ် တစ်ဦးကို ခေါ်ယူရန် လိုလားနေရာ သီယာဂိုကို အဓိက ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ယူနိုက်တက်သည် ကွင်းလယ် ပစ်မှတ်တစ်ခုအဖြစ် PSVအင်ဒိုဗန်မှ နယ်သာလန် လက်ရွေးစင် ကီဗင်စထရတ်မန်းနှင့်လည်း ဆက်သွယ်လျှက်ရှိသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ