တံကောက်ကြောဒဏ်ရာကြောင့် ရာသီကြိုခြေစမ်းပွဲများကို ရွန်နီ လွဲချော်မည်


မန်ချက်စတာ ယူနိုက်တက် အသင်း၏ တိုက်စစ်မှူး ဝိန်းရွန်နီသည် တံကောက်ကြော ဒဏ်ရာကြောင့် အသင်း၏ ရာသီကြို ခြေစမ်းခရီးစဉ်ကို စွန့်ခွာခဲ့ရကြောင်း သိရှိရသည်။ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် ဘန်ကောက်သို့ အသင်းနှင့်အတူ လိုက်ပါသွားသော်လည်း ဒဏ်ရာ ပေါ်လာသဖြင့် မန်ချက်စတာသို့ တစ်ရက်အတွင်း လှည့်ပြန်ခဲ့ရသည်။

ရွန်နီက မိမိအနေဖြင့် ဒဏ်ရာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ဝန်ခံခဲ့သည်။ "လေ့ကျင့်ခန်း ကောင်းကောင်းဆင်းနိုင်နေတုန်း ခုလို ဒဏ်ရာပေါ်လာတာ စိတ်ပျက်စရာပါပဲ။ မန်ချက်စတာကို ပြန်သွားပြီး ဒဏ်ရာကို စစ်ဆေးရပါမယ်။ ဒါပေမဲ့ အခြေအနေ ဆိုးမယ့်ပုံတော့ မရှိပါဘူး"ဟု ရွန်နီက Facebookတွင် ရေးသားခဲ့သည်။

ရွန်နီသည် အင်္ဂလန် ချန်ပီယံ အသင်းမှ ထွက်ခွာနိုင်ကြောင်း သတင်းကြီးနေချိန်တွင် ယခုလို ရာသီကြို ခြေစမ်းခရီးစဉ်မှ ရုတ်တရက် လှည့်ပြန်လာမှုကြောင့် ၎င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး မရေမရာ ထင်ကြေးများ ပိုမို ကျယ်ပြန့်လာသည်။

ယူနိုက်တက်ကမူ ရွန်နီသည် (၁)လမျှ အနားယူရဖွယ် ရှိနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ရွန်နီ အနေဖြင့် လတ်တလောတွင် ကြံ့ခိုင်မှု လေ့ကျင့်ခန်းများကိုသာ ပိုမို လုပ်ဆောင်ရဖွယ် ရှိနေပြီး ဩဂုတ်လ၊ (၁၁)ရက်နေ့တွင် ဝင်ဘလေ ကွင်းကြီးအတွင်း ကွန်မြူနတီဒိုင်း ပြိုင်ပွဲအဖြစ် ဝီဂန်နှင့် ယှဉ်ပြိုင်ရာတွင် ပါဝင် ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ