ပခုံးအဆင်လွဲသည့် ဒဏ်ရာကြောင့် မာရိုင်ကာရေး ဆေးရုံသို့ရောက်


မတော်တဆ ပခုံးအဆစ်လွဲသွားသည့် အခြေအနေကြောင့် မာရိုင်ကာရေးသည် ဆေးရုံသို့ အလျင်စလို သွားရောက် ကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။ သူမ၏ Beautiful သီချင်း Remix ဗီဒီယိုကို ရိုက်ကူးနေစဉ် ယခုလို ကြုံခဲ့ရခြင်း ဖြစ်သည်။

အသက်(၄၃)နှစ်ရှိ အဆိုတော်သည် ‪#‎Jeezy‬ နှင့်အတူ သီချင်းဗီဒီယို ရိုက်နေခဲ့ပြီး သူမ၏ ခင်ပွန်းသည် နစ်ခ်ကန်နွန်က ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ တနင်္ဂနွေနေ့ ရိုက်ကွင်းတွင် သူမသည် မတော်တဆ ချော်လဲ လိမ့်ကျပြီး ပခုံးအဆစ် ဒဏ်ရာရသွားခြင်း ဖြစ်သည်။ သူမ၏ ကိုယ်စားလှယ်က မာရိုင်၏ လက်ရှိ အခြေအနေမှာ ကောင်းမွန်ပြီး တစ်စုံတစ်ရာ စိုးရိမ်စရာ မရှိကြောင်း ပရိသတ်များအား အသိပေးခဲ့သည်။

မာရိုင်၏ ကိုယ်စားလှယ်က "မာရိုင်က ‪#‎Beautiful‬ အတွက် ‪#‎Remix‬ ဗီဒီယို ရိုက်နေရင်း ဒဏ်ရာရသွားတာပါ။ သူ့ကို တနင်္လာနေ့ ညအထိ ဆေးရုံမှာပဲ ထားခဲ့ပါတယ်။ ဆရာဝန်တွေက မာရိုင်ရဲ့ ပခုံးကို ပြန်ပြီး တည့်မတ်ပေးခဲ့တယ်။ လောလောဆယ် သူနေကောင်းပါတယ်။ အိမ်မှာ ခဏနားနေတယ်"ဟု ဆိုသည်။

မာရိုင်သည် နယူးယော့ခ်တွင် ဗီဒီယို ရိုက်ကူးနေခြင်းဖြစ်ပြီး ဒေါက်မြင့်ဖိနပ် စီးထားရာမှ ဟန်ချက်ပျက် လဲကျခြင်းဟု ယုံကြည်ရသည်။ သူမသည် ဒဏ်ရာကြောင့် ခေတ္တ အနားယူရမည် ဖြစ်သည့်တိုင် ဟာရီကိန်း ဆင်ဒီအတွက် ရန်ပုံငွေ ပွဲအဖြစ် ဗဟိုပန်းခြံတွင် ဖျော်ဖြေရာ၌မူ အစီအစဉ်အတိုင်း ပါဝင်လာဖွယ် ရှိနေကြောင်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ