ရခိုင်ဒုက္ခသည်များအတွက် ရန်ပုံငွေဂီတဖျော်ဖြေမည်



ရန်ကုန်၊ ဇူလိုင် ၁၇

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မောင်းတောဒုက္ခသည် စခန်းတွင် နေထိုင်နေကြရသောသူများကို ကူညီနိုင်ရန်အတွက် Arakan Awake Live Concert အမည်ရှိ ဂီတဖျော်ဖြေပွဲကို သြဂုတ်လ ၂ ရက်နေ့ ညနေ ၆နာရီတွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါဖျော်ဖြေပွဲ ဖြစ်မြောက်ရေး ကူညီပံ့ပိုးသူတစ်ဦး ဖြစ်သည့် Reason Band မှ Bass ဂစ်တာသမား ဦးရဲမြတ်ကျော်က The Voice သို့ပြောသည်။

“ဒီပွဲကို အဓိကစီစဉ်တာက မြသစ္စာ Entertainment ကပါ။ ရခိုင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲက အမျိုးသားကဇာတ်ရုံမှာ တစ်ခါ၊ MCC မှာ ငြိမ်းချမ်းပါစေ ရခိုင်မြေဆိုတဲ့ အမည်နဲ့ တစ်ခါလုပ်ပြီး ဘူးသီးတောင်၊ မောင်တောက ဒုက္ခသည်တွေကို သွားလှူခဲ့တယ်။ ဒါကတတိယ အကြိမ်ပေါ့။ ဒီပွဲကရတဲ့ အလှူငွေတွေကို မောင်တောဒုက္ခသည်စခန်းကို သွားလှူမှာပါ” ဟု ဂီတဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး ၎င်းက ရှင်းပြသည်။

အဆိုပါဂီတဖျော်ဖြေပွဲတွင် နေတိုး၊ မင်းသွေး၊ အောင်လ၊ ဖော်ကာ၊ ဝတ်မှုန်ရွှေရည်၊ မေကဗျာ၊ ရတနာမိုင်၊ မင်းမင်း၊ ထက်အောင်ကျော်၊ ဝင်းကိုခိုင်တို့ ပါဝင်မည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းကို အကြမ်းဖျင်း ကျပ်တစ်သောင်း သတ်မှတ်ထားကြောင်း ဦးရဲမြတ်ကျော်က ဆိုသည်။

ယင်းဂီတဖျော်ဖြေပွဲတွင် ပါဝင်မည့် တေးသံရှင် ရတနာမိုင်ကလည်း ဒုက္ခသည်များအတွက် ကိုယ်တတ်ကျွမ်းသည့် အနုပညာဖြင့် အလှူပြုခွင့်ရသည့်အတွက် ဝမ်းသာမိကြောင်း၊ ခံစားနေရသော အတိဒုက္ခများအားလုံး အမြန်ဆုံး ငြိမ်းအေးစေလိုကြောင်း ပြောကြားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ